ဆောင်းရာသီတွင် အသားအရေထိန်းသိမ်းနည်းများ‼️

ဆောင်းရာသီတွင် ခြောက်သွေ့အေးစက်သောမြောက်ပြန်လေများတိုက်ခတ်ခြင်း ၊ လေထုထဲတွင်အစိုဓါတ်ပါဝင်မှု နည်းခြင်း၊ ရာသီဥတုအေးသောကြောင့် ချွေးမထွက်ခြင်း စသည့်အကြောင်းများသည် သင့်အသားအရေရဲ့ အဆီဓာတ်၊ အစိုဓါတ်ကို ခမ်းခြောက်စေပြီး အသားအရေ ခြောက်သွေ့ခြင်း၊နှုတ်ခမ်းများ ခြောက်သွေ့ကွဲအက်ခြင်း စတာတွေကို ဖြစ်ပွားစေပါသည်။

ထိုသိုဖြစ်ခြင်းကိုကာကွယ်ရန်အတွက် …..

၁။ရေများများသောက်ပါ။ တစ်နေ့ကို အနည်းဆုံး ရေရှစ်ခွက်သောက်ပေးပါ။ ခန္ဓာကိုယ်တွင်း ရေဓါတ်နည်းပါက သင့်အရေပြားဟာပိုပြီး ခြောက်သွေ့မှုကို ခံစားရတတ်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ရေဓါတ် လုံလောက်စွာရှိပါက အသားအရေခြောက်သွေ့မှုကို အတိုင်းတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်။

၂။ အရည်ရွှမ်းသောအသီးများ ဖြစ်သည့်ပန်းသီး၊ သခွားသီး ၊လိမ္မော်သီးစသော အသီးများအား စားသုံးသင့်ပါသည်။ ထိုအသီးများသည် အရည်ရွှမ်းပြီး ဗီတာမင်စီ၊ အန်တီအောက်ဆီးဒန့်စတာတွေ ပါဝင်တာကြောင့် သင့်အသားအရေကို စိုပြေဝင်းပ တင်းရင်းစေပါတယ်။

၃။အိုမီဂါသရီး အဆီပါဝင်တဲ့ ငါးကိုစားပါ သိုမဟုတ် ငါးကြီးဆီကို တစ်နေ့တစ်လုံးစားပေးပါ။ အစေ့အဆန်တွေလည်း များများစားပါ။

၄။ကဖင်းဓါတ်ပါသော လက်ဖက်ရည်၊ ကော်ဖီ တွေကို ဆောင်းတွင်းမှာ အလွန်အကျွံ မသောက်သင့်ပါဘူး။ အဲ့ဒါတွေက အရေပြားမှာ ရေဓါတ်ခန်းခြောက်မှုကို ပိုဖြစ်စေနိုင်လိုပါ။

၅။အရက်၊ဘီယာ အလွန်အကျွံသောက်ခြင်းမျိုးကိုလည်း ရှောင်သင့်ပါတယ်။ အဲ့ဒါတွေက ဆီးသွားများစေတာကြောင့် ခန္ဓာကိုယ်တွင်းက ရေဓါတ်ဆုံးရှုးမှုကို ဖြစ်စေကာ အသားအရေ ခြောက်သွေ့စေပါတယ်။

၆။ကြက်သီးနွေးရေကို အသုံးပြုပါ။ ဆောင်းရာသီတွင် ရေနွေးကို အသုံးပြုခြင်းက အလွန်ဇိမ်ရှိ လှသော်လည်း အလွန်ပူသော ရေနွေးကို သုံး၍ ရေချိုးခြင်း၊ မျက်နှာသစ်ခြင်းကို မလုပ်ရပါ။ ရေအပူချိန်က တအားပူပါက သင့်အရေပြားမှာရှိတဲ့ သဘာဝအဆီတွေ ဆုံးရှုးမှုကို ဖြစ်စေနိုင်လိုပါ။ ဒါကြောင့် တအားမပူဘဲ ခပ်နွေးနွေးဖြစ်သော ကြက်သီးနွေးရေကိုသာ သုံးသင့်ပါတယ်။ နောက်ပြီး ရေချိုးတဲ့အခါမှာလည်း အချိန်အကြာကြီး မချိုးဘဲ ၅မိနစ်လောက်နဲ့ပြီးအောင် ခပ်သွက်သွက် ချိုးသင့်ပါတယ်။ ချိုးမယ့်ရေထဲကို သံလွင်ဆီ အနည်းငယ်ထည့်ချိုးပေးရင် ပိုကောင်းပါတယ်။

၇။ခြောက်သွေ့ကွဲအက်နေသည့် နှုတ်ခမ်းများကို လျှာနဲ့သွားသွား မလျက်ပါနှင့်။ ဤကဲ့သို ပြုလုပ်ခြင်းက သင့်နှုတ်ခမ်းကို ပိုခြောက်စေပါသည်။ အဲ့လိုလုပ်မည့်အစား နှုတ်ခမ်းနီအဆီ (အမျိုးသားများဆိုရင် အရောင်ဖျော့တဲ့ဟာ သုံးပါ)၊ လိုးရှင်း သိုမဟုတ် သံလွင်ဆီနှင့် ပျားရည် အနည်းငယ် ရောပြီး နှုတ်ခမ်းကို လိမ်းပါ။

၈။အိပ်ပြင်ထွက်တဲ့အခါမှာ နေရောင်ကာခရင် လိမ်းပါ။ ဆောင်းတွင်းမိုလို နေရောင်ကာခရင်လိမ်းဖို မလိုဘူးလို မထင်ပါနဲ့။ ဆောင်းရာသီ နေရောင်ကလည်း သင့်အသားအရေကို ပျက်စီးစေနိုင်ပါသည်။

၉။အေးမြခြောက်သွေ့တဲ့ မြောက်ပြန်လေနဲ့ ထိတွေ့မှုနည်းအောင် လမ်းထွက်ပါက လက်ရှည် သိုမဟုတ် အနွေးထည်ဝတ်ဆင်ပါ။