မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

စိတ်ချမ်းသာချင်ရင်
အတွေးသန့်ရှင်းဖို့လိုပါတယ် ။

မမှီမှန်းသိလျက်နဲ့
လိုချင်လိုကြံနေတဲ့အတွေးဟာလည်း
ကိုယ့်ဘ၀ကို ဆင်းရဲစေသလို

မဟုတ်မှန်းသိလျက်နဲ့
လိုက်ခံစား တွေးနေတာဟာလည်း
ကိုယ့်ဘ၀ကို ပင်ပန်းစေပါတယ် ။

အတွေးမှန်မှန်ထားတတ်မှ
အအေးဓါတ်က ကိုယ့်ဆီကျန်မှာပါ ။

မဖြစ်သင့်တဲ့အရာတွေထက်
ပိုတွေးမိကြတယ်ဆိုရင်တော့
အတွေးကြောင့်ပဲ ပူလောင်ရမှာပါ ။

ရတနာသုံးပါးနဲ့စပ်တဲ့အတွေး
ကုသိုလ်ရစေဖို့ တွေးတဲ့အတွေးဟာ
ကိုယ့်ဘ၀ကို ချမ်းသာစေပါတယ် ။

အသက်ရှင်နေပါလျက်နဲ့
အတွေးညံ့ဖျင်းနေတယ်ဆိုရင်
ဘ၀ဟာ အကြိုးအဓိပ်ပါယျမရှိတာမို့

အတွေးသန့်အောင်ကြိုးစားပြီး
ချမ်းသာ အဆင်ပြေတဲ့ဘဝကို
ရွေးချယ်ယူနိုင်ကြဖို လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏