🙏 မမြဲသော ဂတိငါးမျိုး


အန္ဓပုထုစဉ်များသေလျှင်
လားရာကတိ ငါးတန်ရှိကြောင်း
အားလုံးသိစေ ရေးမျှဝေသည်။

၁။ဒေဝဂတိ – နတ်ဗြဟ္မာဖြစ်ခြင်း
၂။မနုဿ ဂတိ – လူဖြစ်ခြင်း
၃။ပေတဂတိ – ပြိတ္တာဖြစ်ခြင်း
၄။တိရစ္ဆာနဂတိ – တိရစ္ဆာန်ဖြစ်ခြင်း
၅။နိရယဂတိ – ငရဲဖြစ်ခြင်း

အန္ဓပုထုစဉ်များသေလျှင်
ဂတိမြဲမှု မရှိသည့်အတွက်
အထက်ပါ ဂတိငါးပါးတွင်
တစ်ပါးပါးသို့ ကျရောက်မည်။

ထိုဂတိ ငါးပါးတွင် သုဂတိနှင့်
ဒုဂ္ဂတိနှစ်မျိုး ထွက်ပေါ်လာရာ
သုဂတိဆိုသည်မှာ လူနတ်
ဗြဟ္မာတို့၏ ဘုံဌာနဖြစ်ပြီး
ဒုဂ္ဂတိဆိုသည်မှာ ငရဲ တိရစ္ဆာန်
ပြိတ္တာ အသူရကာယ်တို့၏
အပါယ်ဘုံဌာန သာဖြစ်သည်။

ရတနာသုံးပါးကို မတုန်မလှုပ်
သက်ဝင်ယုံကြည်သူများ
ဒိဋ္ဌိနှင့်ဝိစိကိစ္စာ ကင်းသူများ
ငါးပါးသီလ မြဲသူများသေလျှင်
လူနတ်တို့ထံသာတည်း။

သောတာပန် မဖြစ်သမျှ
လားရာဂတိ အမြဲမရှိပါ၍
အပါယ်လွတ်စေနိုင်သော
၁။သရဏဂုံသုံးပါးကိုးကွယ်ခြင်း
၂။ငါးပါးသီလ ဆောက်တည်ခြင်း
၃။စာရေးတံမဲ လှူဒါန်းခြင်း
၄။လဆန်းလဆုတ်ဆွမ်းလှူခြင်း
၅။ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း
၆။သောက်ရေကန် လှူဒါန်းခြင်း
၇။ကြောငျးအလှူ လှူဒါန်းခြင်း
ကုသိုလ်ခုနှစ်မျိုး အစပျိုးပါ။

အဝိဇ္ဇာကဲ စိတ်မှာစွဲက လွတ်နိုင်ခဲစွ အပါယ်ဘုံ ခုတော့သင့်မှာ အပါယ်လွတ်ကြောင်း နည်းလမ်းကောင်းကို ကျမဖေါ်ပြ သိလိုက်ရပြီ လားရာကတိ မြဲမရှိ၍
သဒ်ဓါမှာ ပညာစွက်လို့ ဤသညျ့ကုသျိုလျ ခုနှစ်မျိုးကို မျိုးစေ့ချထားကြပါစို့။
ဓမ္မချစ်သူ နှင်းနုထွေး { နှင်းဧကရီ }
.