ဖီဖာကပေးတဲ့ အကောင်းဆုံး The Best ဆု ၇ ကြိမ်မြောက် ရယူသွားခဲ့တဲ့ အာဂျင်တီးနား စတား လီယိုမက်ဆီ

အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီ စတား လီယို မက်ဆီ တယောက် ဖီဖာက ပေးအပ်တဲ့ ၂၀၂၂ ခုနှစ် အတွက် The Best အကောင်းဆုံး ကစားသမားဆုကို ဘာပေ၊ ဘန်ဇီးမားတို့ကို ကျော်ပြီး ရရှိသွား ခဲ့ပါတယ်။

၁၉၈၆ ခုနှစ် နောက်ပိုင်း အာဂျင်တီးနား အသင်းကို ကမ္ဘာ့ဖလား ရရှိအောင် ပြန်လည် ဦးဆောင်ပေးခဲ့ပြီး နောက်မှာတော့ ဖီဖာက ပေးတဲ့ဆုဟာ မက်ဆီအတွက် ချွင်းချက် မရှိ ထိုက်တန်တဲ့ ဆုတံဆိပ် ဖြစ်လာပါတယ်။

မက်ဆီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အုပ်စုအဆင့်က စတင်ပြီး ၁၆သင်း အဆင့်၊ ကွာတား၊ ဆီမီး၊ ဖိုင်နယ်တို့မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

မက်ဆီဟာ ဒီဆုကို ၇ကြိမ်မြောက် ရယူခဲ့တာ ဖြစ်ပြီး ဘလွန်းဒီအော် ၇ကြိမ်၊ The Best ဆု ၇ကြိမ်နဲ့ ဘောလုံးသမိုင်းရဲ့ ရှားမှ ရှားတဲ့ ကစားသမား တယောက် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဖီဖာက ကြီးမှုး ကျင်းပတဲ့ ဒီဆုပေးပွဲမှာ အံ့အားသင့်စရာ အဖြစ် တိုက်စစ်မှုး ၄ ယောက်ကို ထည့်သွင်း ရွေးချယ်ခဲ့တာကြောင့် ဝေဖန်မှု တွေလည်း ခံနေရပါတယ်။

ဖီဖာ အကောင်းဆုံး အသင်း အဖြစ် ရွေးချယ် ထုတ်ပြန် ရာမှာ တိုက်စစ်မှုးတွေ အဖြစ် မက်ဆီ၊ ဘာပေ၊ ဘန်ဇီးမား၊ ဟာလန်းတို့ ၄ယောက်ထိ ရွေးချယ် ခံခဲ့ရပြီး ကွင်းလယ်မှာ ၃ယောက်၊ နောက်တန်းမှာ ၃ယောက်စီသာ ရွေးချယ် ခံခဲ့ရပါတယ်။

ရီးရဲမက်ဒရစ် ဂိုးသမား ကော်တိုရစ်က ဂိုးသမား နေရာမှာ ရွေးချယ် ခံခဲ့ရပြီး နောက်တန်းမှာ ဟာကီမီ၊ ကန်ဆယ်လိုနဲ့ ဗန်ဒိုက်တို့က ရရှိသွားခဲ့ပါတယ်။

ကွင်းလယ်မှာလည်း ကစားသမား ၃ယောက်သာ ပါဝင်ခဲ့ပြီး ဒီဘရိုင်းနား၊ ကတ်စမဲရိုး နဲ့ လူကာမိုဒရစ်တို့ ရွေးချယ်ခံခဲ့ရပြီး တိုက်စစ်မှုး ၄ယောက် အဖြစ် ဟာလန်း၊ မက်ဆီ၊ ဘန်ဇီးမားနဲ့ ဘာပေတို့ကို ဟာသဆန်ဆန် ရွေးချယ်သွားခဲ့ပါတယ်။

crd;