‼️‼️အမိုးနီးယား ပေါက်ကွဲပါက …‼️‼️

အပြင်မထွက်ပါနဲ့
ရေချိုးခန်းထဲရေဖွင့်ချထားပါ ပြတင်းပေါက်တွေပိတ်ထားပါ…
အဝတ်စအပါးကို ရေရွှဲနေအောင်စွတ်ပြီး မျက်နှာကိုအုပ်ထားပါ အသက်ကို ပုံမှန်ရှူပါ….
အသက်ရှူရခက်ခဲလာရင် သန့်ရှင်းတဲ့ ပလပ်စတစ်အိတ်ထဲကို နှာခေါင်းနဲ့ပါးစပ် လုံအောင်အုပ်ပြီး ပါးစပ်နဲ့ရှူသွင်း ရှူထုတ် လုပ်ပေးပါ….
Mask ကို ရေရွှအောင်စွတ်ပြီး တပ်ထားလဲအဆင်ပြေပါတယ်….
အခြေနေဆိုးဝါးလာရင် နီးစပ်ရာဆေးရုံကို သွားပါ…. သတိမလစ်အောင် သတိထားပါ…

ပြင်းထန်တဲ့ အမိုးနီးယားဟာ

မြင်လွှာ
အဆုတ်နဲ့
သွေးကို ထိခိုက် စေနိုင်တယ်

အသည်းနဲ့ ကျောက်ကပ်ပျက်စီး စေနိုင်ပါတယ်

အမိုးနီးယား ယိုစိမ့် သော နေရာပတ်ဝန်းကျင်မှ သောက် ရေ
သုံး ရေနှင့် အခြား ရေများ
နွားနို.အစားအစာ အသီးအရွက်များကို မ သောက်ရ မစားရပါ

အမိုးနီးယားသည် လေထုထဲတွင် ၆ရက်မှ ၉ရက်ထိ နေနိုင်စွမ်းရှိပြီး
ပေါက်ကွဲအားပြင်းထန်ပါသည်

အမိုးနီးယား ယိုစိမ့်လျှင်
သနိ့စင် သော ရေကို များများ သောက်သုံးပါ

သုံး ရေများအားစစ် ဆေးပါ

Asthmaရှိလျှင် ဂေါက် ဆောင်ထားပါ

Lactuloseအသုံးပြုနိုင်ပါသည်။

မျက်မှန် နှာ ခေါင်းစည်းသုံးပါ

အမိုးနီးယားကို bleach သိုမဟုတ် ထုံးများဖြင့်မထိ တွေ့ စေရပါ chlorine gas ထွက်လျှင် အသက်ဆုံးပါးနိုင်ပါသည်

အမိုးနီးယားနှင့်ထိ တွေ့ သော အဝတ်အစားများ အရာဝတ္ထုများကို ထိ တွေ့ခြင်းမပြုရ

🙄အမိုးနီးယား ( Ammonia ) ကိုဘယ်မှာအသုံးများသလဲ။
အအေးခန်းစက်ရုံတွေနဲ့ ရေခဲစက်တွေမှာ အသုံးများပါတယ်။

🚨မးလောင်လွယ်ပြီး ရေမှာပျော်ဝင်လွယ်တဲ့အဆိပ်ဓာတ်ငွေ့ဖြစ်ပါတယ်။

💥အသုံးဝင်မှုများသလို မကိုင်တွယ်တတ်ရင် အန္တရာယ်လည်းရှိနိုင်ပါတယ်။

Ammonia ဓာတ်ငွေ့က ဆလင်ဒါထဲမှာ ဖိအားနဲ့ထည့်သွင်းထားတဲ့ ဖိသိပ်ဓာတ်ငွေ့ ( Gas under pressure ) ပါ။

🚨လောင်စားတတ်ပါတယ်။ ( Irritation )

🚨အသက်ရှုလမ်းကြောင်းကိုထိခိုက်လွယ်ပါတယ်။ ( Respiratory Damage )

🚨ပတ်ဝန်းကျင်မှာရှိတဲ့ ငါးကလေးတွေနဲ့ သစ်ပင်တိုကိုအဆိပ်သင့်စေပြီး သေစေပါတယ်။

သူ့ဘာသာ Container ထဲမှာလုံနေရင် ဘာမှမဖြစ်ပေမယ့် ပိုက်လိုင်းယိုစိမ့်မှု Leakage ဖြစ်ရင်တော့ အန္တရာယ်များစွာရှိပါတယ်။

အမိုးနီးယားအငွေ့က အသက်ရှုလမ်းကြောင်းကနေတစ်ဆင့်ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ချက်ချင်းအဆိပ်သင့်မှု ( Acute Toxicity ) ကိုဖြစ်စေပါတယ်။

အမိုးနီးယားဓာတ်ငွေ့ဟာ မီးလောင်လွယ်ပြီး ရေမှာပျော်ဝင်လွယ်တဲ့အဆိပ်ဓာတ်ငွေ့ဖြစ်လို မတော်တဆမှု (Accident) ဖြစ်ရင် အရေးပေါ်‌ ရေရယူနိုင်ဖို စက်ရုံနဲ့အနီးတစ်ဝိုက်မှာ ရေကန်တွေ လုံလောက်အောင်ထားရပါမယ်။

အမိုးနီးယားဓာတ်ငွေ့ ပမာဏများများသာရှူမိရင်
🚩မျက်စိကန်းခြင်း
🚩အဆုတ်ပျက်စီးခြင်း
🚩သေဆုံးခြင်း တိုဖြစ်စေတတ်ပါတယ်ခင်ဗျ။

အမိုးနီးယားဓာတ်ငွေ့ စိမ့်ပြီဆိုရင်

  • ဖြစ်တဲ့နေရာကနေ မြန်မြန်ဆန်ဆန်ထွက်ခွာရပါမယ်။
  • ဓာတ်ငွေ့ထိထားတဲ့ အဝတ်အစားတွေကို ချွတ်ပစ်ပါ။ ချွတ်တဲ့အခါ မျက်နှာတဲ့ မထိအောင် ချွတ်ပါ။ အဲဒီအဝတ်အစားတွေကို အလုံပိတ်အိတ်ထဲ ထည့်ထားပါ။ ကလေးတွေ မမှီနိုင်တဲ့ နေရာမှာထားပါ။
  • အရေပြားကို ဆပ်ပြာနဲ့ ရေများများသုံးပြီး ဆေးရမယ်။ မျက်လုံးကိုလည်း ရေများများနဲ့ ဆေးချပါမယ်။
  • မျက်ကပ်မှန်တပ်ထားတာရှိရင် ချက်ချင်းချွတ်ပစ်ပါ။
  • မျက်မှန်တပ်ရင် မျက်မှန်ကို ဆပ်ပြာနဲ့ရေနဲ့ဆေးကြောပြီးမှ ပြန်ဝတ်ပါ။

အဓိကအချက်ကတော့ အမိုးနီးယားက ထိတွေ့တာတွေကို စားတဲ့အတွက်ကြောင့် ထိတွေ့မှုမဖြစ်အောင်နေပါ။ ထိတွေ့ထားတယ်လို ယူဆရင် အမိုးနီးယားတွေ လုံးဝကုန်သွားအောင် ထိထားတဲ့နေရာတွေကို ရေများများနဲ့ ဆေးချပါ။

အမိုးနီးယားအဆိပ်သင့်တာအတွက် ဖြေဆေးမရှိပါဘူး။ ထိတွေ့မိတဲ့လက္ခဏာတွေပြင်းထန်ရင်တော့ ဆေးရုံ၊ဆေးခန်းပြပါ။