ဒူးနာခြင်းအကြောင်းသိကောင်းစရာ

ရပ်ကွက်ထဲမှာ အကြားရဆုံးစကားကတော့ ဒူးနာနေတယ် ဆိုတာပါပဲ။ ဆေးခန်းတွေမှာလည်း အများဆုံး ဖြေရှင်းပေးရတဲ့ပြဿနာက ဒူးနာနေလို့ အထိုင်မထ မကောင်းလို့ ဆိုတာများတာပေါ့။ အထူးသဖြင့် အားကစားသမားတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အတွေ့များတယ်နော်။ ဒူးနာရတဲ့ အများဆုံးသော အကြောင်းအရင်းတွေက အရွတ် ထိခိုက်မိတာ၊ အရိုးနု ပြဲတာ၊ အဆစ် အသုံးများတာနဲ့ အဆစ် ရောင်တာတွေကြောင့်ပါ။

>>    ဒူးနာရတဲ့ အဓိက အကြောင်းရင်းတွေကတော့ –

အရွတ်ခိုက်မိခြင်း

●        ဒူးဆစ်ရှေ့ပိုင်း တြိဂံပုံအရွတ်

●        ဒူးဆစ်နောက်ပိုင်း တြိဂံပုံအရွတ်

●        ဘေးအပြိုင်အရွတ်တွေ ခိုက်မိခြင်း

အရိုးနုခိုက်မိခြင်း

●        ဒူးဆစ်ကြား အရိုးနုပြား ခိုက်မိခြင်းနဲ့

●        ဒူးရိုးကာ အရိုးနု ခိုက်မိခြင်း

ဒူးဆစ်အကာ ထိခိုက်မှု

●        ဒူးဆစ်ရိုးနာကျင်ခြင်း ရောဂါစု (Patello-Femoral Syndrome)

အကြောဒဏ်ရာရခြင်း

●        ဒူးဆစ်ကြောရောင်ခြင်း

ဒူးကြီးပေါင်းတက်ခြင်း စတာတွေပါပဲ။

>>    ဒီလို ဒူး ထိခိုက်မိခြင်းကို ဘယ်လိုကုသကြမလဲ?

          ကျီးပေါင်းတွေထဲမှာ ဒူးကျီးပေါင်းကတော့ အဖြစ်အများဆုံးပေါ့။ မစွမ်းမသန် အဖြစ်စေဆုံးဆိုလည်း မမှားပါဘူး။ စောစောသိ စောစောကုနိုင်ဖို့ အရေးကြီးပါတယ်။

          တစ်ခါတလေ အနာသက်သာအောင် စတီးရွိုက်ဆေး ဒူးဆစ်ထဲ ထိုးတာမျိုး ပြုလုပ်နိုင်ပါတယ်။ အနာသက်သာတာကတော့ ယာယီပဲဖြစ်ပြီးတော့ ခဏခဏလည်း မထိုးသင့်ဘူးနော်။

          နောက်တစ်မျိုးကတော့ အဆစ်ကြားမှာ ပုံမှန်ရှိနေကျ အဆစ်ရည်ထဲမှာပါတဲ့ hyaluronic acid ဓာတ်တစ်မျိုး ထိုးခြင်းပါပဲ။ ဒါလည်း ယာယီသက်သာရုံပဲဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်ပုံချင်းလည်း ကွာခြားပါတယ်နော်။

>>    ဒူးခွဲစိတ်ခြင်း

          တခြားဘယ်လိုနည်းနဲ့မှ မသက်သာတဲ့အခါမျိုးမှသာ ခွဲစိတ်ဖို့ကို စဉ်းစားကြပါတယ်။ ဘယ်လိုခွဲစိတ်သင့်သလဲ ဆိုတာကတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။

>>    ဘယ်လိုခွဲစိတ်နည်းတွေ အသုံးများသလဲ?

●      မှန်ပြောင်းခွဲစိတ်နည်း Arthroscopy

          ကျီးပေါင်း အစောပိုင်းကာလတွေမှာ အသုံးဝင်ပါတယ်။ ဒူးဆစ်ထဲကို မှန်ပြောင်းလေးထည့်ပြီး ပျက်စီးနေတာတွေကို ဖယ်ရှား၊ အရိုးနု မရှိတော့တဲ့နေရာတွေကို ပြန်လည်နှိုးဆွပေးတဲ့ ခွဲစိတ်နည်းပါ။ သော့ပေါက်ခွဲစိတ်ခြင်းလို့လည်း ခေါ်ပါတယ်။

●      အဆစ်ဖွင့် ခွဲစိတ်ခြင်း Osteotomy

          အသက် ၅၀ အောက် လူလတ်ပိုင်း၊ အရိုးကျီးပေါင်း သိပ်မဆိုးသေးသူတွေအတွက် သင့်တော်ပါတယ်။ အဆစ်ပုံသဏ္ဌာန်ပြန်မှန်စေဖို့ အဆစ်ဘေးနားက အရိုးအတက်တွေကို ရှင်းထုတ်ပစ်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒီခွဲစိတ်မှုအပြီးမှာ ၁၀ နှစ်လောက်အထိကို ရောဂါလက္ခဏာတွေ သက်သာလာပါလိမ့်မယ်။

●      အဆစ် အစားထိုးခြင်း

          အရိုးကျီးပေါင်း နောက်ဆုံးအဆင့်မှာတော့ သတ္တုနဲ့ ပလတ်စတစ် ရောစပ်ပြီး ပြုလုပ်ထားတဲ့ အဆစ်တုနဲ့ လဲတပ်လိုက်တာက အကောင်းဆုံးပါပဲ။ အဆစ်တစ်ခုလုံးကို လဲလှယ်နိုင်သလို တစ်စိတ်တစ်ပိုင်းသာ လဲလှယ်လို့လည်း ရပါတယ်။

(www.drmyanmar.com)