(၆၃)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

ဒီဇင်ဘာ ၁၅ရက်က (၆၃)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊
ကျိုင်းတုံမြို့၊ ရွှေတြိဂံဂေါက်ကလပ်တွင် ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါက်သီးရိုက် အားကစားသမားများနှင့်
ဖိတ်ကြားထားသူများ တက်ရောက်ကြပါတယ်။ ၂၀၁၉ ခုနှစ် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၌ တံခွန်စိုက်ဖလား
ရရှိထားသော အောင်ပန်းမြို့နယ်အသင်းမှ ပြိုင်ပွဲကျင်းပရေး ကော်မတီသို့ ပြန်လည် အပ်နှံခဲ့ပါတယ်။ ပြိုင်ပွဲအား ရှမ်းပြည်နယ်
အတွင်းရှိ မြို့နယ်(၂၇)မြို့နယ်မှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၄၆ သင်း၊ အမျိုးသမီးအသင်း ၉ သင်းတို့မှ အားကစားသမား
စုစုပေါင်း ၃၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲအား ဒီဇင်ဘာ ၁၈ ရက် အထိ ကျင်းပပြုလုပ်
သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။