အင်တာနက်ပေါ်မှာ လူပြောများနေတဲ့ အလင်းတန်းကြီး

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာ ၁၅ ရက် ည ၆ နာရီကျော် ဝန်းကျင်မှာ ကြီးမားတဲ့အလင်းတန်းကြီး ဖြတ်ပျံသန်းသွားမှုနဲ့ ပတ်သတ်လို အားလုံး အထိတ်တလန့်ဖြစ်နေကြချိန် NASA က ဒီဖြစ်ရပ်နဲ့ပတ်သက်လို ရှင်းလင်း ထုတ်ပြန်လိုက်ပါတယ်။

အခု အားလုံးမြင်လိုက်ရတဲ့ အလင်းတန်းအကြီးကြီးဟာ ကမ္ဘာနဲ့ နီးကပ်စွာပျံသန်းနေတဲ့ ဂြိုလ်သိမ် 2022 XO သာဖြစ်ပြီး ဒီနေ့ ဖြတ်သန်းမှုဖြစ်စဉ်မှာ နာဆာရဲ့ အာကာသကြည့်မှန်ဘီလူးတွေအရ ၆၄ ပေ ထုရှိတဲ့ ဂြိုဟ်သိမ် တစ်ခု ပျံသန်းနေခြင်းသာဖြစ်တယ်လိုဆိုပါတယ်။

ဒါပေမဲ့ နာဆာက ဒီဂြိုဟ်သိမ်ဟာ နောက်ရက်အနည်းငယ်အတွင်း ဆက်လက်ပျံသန်းနေပြီး အစိုင်အခဲက ကမ္ဘာပေါ်ကျချိန် ထုမလျှော့သွားရင် အန္တရာယ်အတိုင်းအတာတစ်ရပ်အထိ ရှိနိုင်တယ်လို သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ဒီဂြိုလ်သိမ်ဟာ ကမ္ဘာမြေနဲ့ ကီလိုမီတာ ၃ .၂ သန်းအမြင့်မှာ ပျံသန်းသွားတာဖြစ်ပြီး ပျံသန်းနေတဲ့ အရှိန်ကတော့ တစ်နာရီ ကီလိုမီတာ ၃၀၈၈၈ နှုန်းနဲ့ ဖြတ်ပျံသွားတာပါ ။

Crd