တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်(လေ) စိန်ရတုနှစ်ပတ်လည်နေ့ ဂုဏ်ပြုညစာစားပွဲနှင့် ပဒေသာကပွဲသို့ တက်ရောက်ချီးမြှင့်

ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ) များ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ ပြီး ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ပါတယ်။

 ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၊ သူရ အုန်းခိုင်ခန်းမ၌ ကျင်းပသော တပ်မတော်(လေ)မိသားစုဝင်များက တပ်မတော်(လေ) တေးဂီတအဖွဲ့နှင့်တွဲဖက်၍ တေးသီချင်းများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေတင်ဆက် သော ဂုဏ်ပြုပဒေသာကပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိ သည်။