မိုင်းယောင်းမြို့၌ ဆွမ်းဆန်တော် လောင်းလှူ

အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက မိုင်းယောင်းမြို ကျက်သရေဆောင် ဟိုခုံပရိယတ္တိစာသင်တိုက်မှစ၍ ဗလမင်းထင်လမ်း၊ နှင်းဆီလမ်းတို၌ ကျင်းပခဲ့သည်။

ဆွမ်းဆန်တော်လောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော် ၄၈၀ ပါးတိုအား ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများက ဆွမ်းဆန်တော်များနှင့် အခြားလှူဖွယ်ပစ္စည်းမျိုးစုံတိုကို လောင်းလှူခဲ့ကြောင်း သိရသည်။

သတင်း – IPRD
ဓာတ်ပုံ – SAK