ဒီမိုကရေစီ သို့ 🍁

အခုတလော Democratic Restoration ကို အကြောင်းပြုပြီး အာဆီယံကနေ မြန်မာ့အရေး ဝင်စွက်တာတွေ ပိုများလာပါတယ်။ ထုတ်နိုင်လား ဆိုတော့လည်း မထုတ်နိုင်ဘူး။ အာဆီယံဆိုတာကလည်း မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး အမေရိကန်ပေးတဲ့ ဇာတ်ညွှန်းကို တက်ဖတ်တာကလွဲရင် ဘာမှဟုတ်တိပတ်တိ တတ်နိုင်တာတွေမဟုတ်ပါဘူး။ မြန်မာ့အရေးကို သူတို့ မျက်ကွယ်ပြုထားတာ အများကြီး။

အမှန်တကယ် Democratic Restoration ကို သွားချင်ပြီး ဒီစနစ်ကို ခိုင်မာချင်တယ်ဆိုရင်အကောင်းဆုံး နည်းလမ်းတစ်ခု ရှိပါတယ်။ EAO တွေကို ထိန်းချုပ်ပါ။ NCA မူဘောင်ကို မချတမ်းစွဲကိုင်ချင်သပဆိုလည်း ရပါတယ်။ NCA ကို အသက်ဝင်အောင်လုပ်ပါ။ စေတနာနဲ့ ပြောတာပါ။

လတ်တလော ကေအိုင်အေကို စစ်တပ်က ဝင်ပစ်တယ်။ ဒါဟာ သာမန်တိုက်ခိုက်မှုတစ်ခု မဟုတ်ဘူး။

– ကေအိုင်အေအပေါ် လူထုရဲ့ စိတ်ကုန်မှုကို ပြတယ်။ တကယ်ဖြစ်လာတော့ သူပုန်တွေ Shock ရသွားတယ်။

– စစ်တပ်ရဲ့ စစ်ဘက်သုံး သတင်းအချက်အလက် နည်းပညာ ဘယ်လောက်တိုးတက်လာတယ် ဆိုတာကို ပြတယ်။

– လက်ရှိအစိုးရရဲ့ Diplomatic စွမ်းရည်ကို စမ်းသပ် ပြရာကျတယ်။ ကျေနပ်တယ်။

– မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အတွင်းက ဘယ်သောင်းကျန်းသူစခန်းကိုမဆို ဘယ်အချိန်မှာမဆို စစ်ဆင်နိုင်ကြောင်း ပြရာကျတယ်။

အခု ကေအိုင်အေ ခံလိုက်ရတယ်။ မဟာအရှက်တော် ကွဲမှုကြီးပဲ။ ကေအိုင်အေတပည့် ဘယ် သူပုန် အဖွဲ့တွေကများ စစ်တပ်ရဲ့လုပ်ရပ်ကို အကြီးအကျယ် အော်ဟစ်ကန့်ကွက်ပြီး စစ်တပ်ကို စစ်ရေးအရ စိန်ခေါ်လာကြသလဲ။ ကျွန်တော်ကတော့ ဒီဖြစ်စဉ်ကို အတိုင်းအတာတစ်ခုအထိ ကျေနပ်တယ်လို့ ပြောရမယ်။

အမေရိကန်သံရုံးကတော့ ထုံးစံအတိုင်း သူ့မွေးစားသားတွေကိုထိတော့ ထ အော်ပါတယ်။ ဒါကလည်း မဆန်းပါဘူး။ Reuters မှာ ဖော်ပြဖူးတဲ့ သတင်းတစ်ပုဒ်မှာ အမေရိကန် သံအမတ်တစ်ဦးက မှတ်ချက်ပြုဖူးတယ်။

Myanmar Junta can’t beat rebels, should restore democracy – မြန်မာအစိုးရက သူပုန်တွေကို မနှိမ်နင်းနိုင်ဘူး၊ ဒီမိုကရေစီကိုပြန်လည် ဖော်ဆောင်သင့်တယ် -လို့ ပြောသွားတယ်။

Key words က ‘သူပုန်တွေကို မနှိမ်နင်းနိုင်ဘူး’ ဆိုတဲ့ စကားပဲ။ အမေရိကန်ဟာ သူပုန်အဖွဲ့တွေကိုသုံးပြီး မြန်မာ့ပြည်တွင်းရေးကို ကစားနေတာ။ သူပုန်တွေကို မနှိမ်နင်းနိုင်ဘူးဆိုတာက လက်ရှိသွားနေတဲ့ လမ်းကြောင်းက စစ်ရေးအရ အရေးယူမှုမပါဘဲ အလုပ်မဖြစ်တာကို သူတို့သိနေလို့ပါ။

ကမ္ဘာမှာ စစ်ပွဲကြီးတွေအများကြီးဖြစ်ဖူးပါတယ်။ နိုင်ငံတစ်ခုနဲ့ တစ်ခုကြားမှာကို စစ်အကြီးအကျယ် ဖြစ်ခဲ့ကြတာပါ။ စစ်ပြေငြိမ်းရေး စာချုပ်တွေ မချုပ်ခင် စစ်ပွဲကြီးတွေ အကြီးအကျယ်တိုက်ပြီး အဖြေထွက်အောင် လုပ်ခဲ့ကြတာပါ။ ဟီရိုရှီးမားနဲ့ နာဂါဆာကီကို အနုမြူဗုံးကြဲချလိုက်မှ ဂျပန်က လက်နက်ချပါတယ်။ ပြီးတော့ ဘာဆက်ဖြစ်လဲ။

– စစ်ပွဲကြီးပြီးသွားတယ်။ အမေရိကန် ထောင်တက်လာတယ်။ တစ်ချိန်က ရန်သူတော် ဂျပန်ဟာ အခုတော့ အမေရိကန်ကို မှီခိုနေရတာတွေ အများကြီး ပြန်ဖြစ်လာတယ်။ ဘယ်မှာ အမေရိကန်မုန်းတီးရေး အော်နိုင်သေးသလဲ။

ဒီတော့ –

သဘောတရားကို စစ်ထုတ်ယူရရင် –

– ငြိမ်းချမ်းချင်ရင် အဖြေတစ်ခုထွက်အောင် လုပ်ပါ။ သဘောထားမမှန်ဘဲ စစ်မြှူနေတဲ့ EAO အချို့ကို ဖြိုပါ။ (မဖြစ်မနေဖြိုပါ)

– သဘောထားမမှန်တဲ့ အုပ်စုတွေကို ဖယ်ပြီးမှ သဘောထားမှန်တဲ့ EAO တွေနဲ့ NCA ကို ဆက်လုပ်ပါ။

– ဗုံးကြဲရင် အမုန်းစွဲတယ်ဆိုတာ မှားပါတယ်။ အမေရိကန်နဲ့ ဂျပန်ကို ကြည့်ပါ။ နိုင်ငံမတူတာတောင် အမေရိကန်က ဂျပန်ကို လွှမ်းမိုးသေးရင် အစိုးရ (စစ်တပ်) အနေနဲ့လည်း ကိုယ့်နိုင်ငံ နယ်နိမိတ်ထဲက အုပ်စုတွေကိုတော့ ကိုယ့်ဩဇာညောင်းအောင် လုပ်လို့ရပါတယ်။

အမေရိကန်က ကျနေပါပြီ။ SAC က ထင်ထားတာထက် ပိုပြီး သေသပ်လှပတဲ့ အခင်းအကျင်းတွေ ဖန်တီးနိုင်တဲ့လူတွေပါ။ ဆက်လုပ်ပါ။

ကေအိုင်အေ အတွက်ကတော့ –

အစိုးရကို ပုန်ကန်နေတဲ့လူတွေအတွက် ဘုရားသခင်ဟာ သူတို့ဘက်မှာ ရှိမနေပါဘူး။ ခြင်းထဲကကြက်တွေ သူတို့ဘဝကို သူတို့သိကြပါစေ။

မြန်မာနိုင်ငံ ကံကောင်းပါစေ 🇲🇲

CRD.သန့်‌နေစိုး