(၅၈) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှ ကျပ်သိန်း ၅၀၀၀ ဆုကို ဆ ၄၂၈၀၈၈ နံပါတ်မှ ဆွတ်ခူး

ယနေ့ဖွင့်လှစ်သည့် (၅၈) ကြိမ်မြောက် အောင်ဘာလေထီမှ အမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀၀ ဆုကို (ဆ ၄၂၈၀၈၈) နံပါတ်မှ ဆွတ်ခူးခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှကြေညာခဲ့သည်။

ထို့အပြင် ကျပ်သိန်း ၂၀၀၀ ဆုကို (ဂ ၂၁၀၃၁၀)နှင့် ကျပ်သိန်း ၁၀၀၀ ဆုကို (စ ၈၄၃၃၄၇) တို့မှရရှိခဲ့ကြောင်း သိရသည်။

၅၈ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ဈ” အက္ခ ရာအထိ ထီစာအုပ်အရေအတွက် ၅၅၂၂၇၆ အုပ်ရောင်းချထားပြီး ယင်းမှ ရငွေ ၅ ဒသမ ၅၂ ဘီလီယံကျော်ရရှိထားခြင်းဖြစ်သည်။