(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအကြို လက်ဝှေ့ပြိုင်ပွဲ ကျင်းပ

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် လက်ရွေးစင်အားကစားသမားရွေးချယ်မှုအဖြစ် (လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲကို မတ်လ ၂၂ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းလက်ဝှေ့ အားကစားရုံ၌ ကျင်းပခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲသို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲချုပ် အထွေထွေအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေးကြပါတယ်။

ပြိုင်ပွဲများအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အားကစားသမားများနှင့်တွေ့ဆုံပြီး ကျန်းမာရေးသည် အထူးအရေးကြီးကြောင်း၊ ကျန်းမာရေးကောင်းမွန်မှ မိမိတို၏ အရည်အသွေး၊ အစွမ်းအစများကို ဖော်ထုတ်ပြသနိုင်မည်ဖြစ်ကြောင်း၊ သွားလာနေထိုင်စား သောက်မှုများကို အထူးဂရုစိုက်ကြရန်လိုကြောင်း၊ လေ့ကျင့်မှုများပြုလုပ်ရာတွင်ထိခိုက် ဒဏ်ရာမရရှိစေရန်နှင့် လေ့ကျင့်မှုလွန်ကဲခြင်းများ မဖြစ်စေရန် နည်းပြများ၏ သင်ကြားပြသ လေ့ကျင့် ပေးမှုအတိုင်း စနစ်တကျ လိုက်နာလေ့ကျင့်သွားကြ ရန်လိုကြောင်း၊ နည်းပြများအ နေဖြင့်လည်း အားကစား သမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများထံ အချိန် နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် မလျှော့သော ဇွဲ၊ လုံလ၊ စိတ်ဓာတ်တိုဖြင့် အစွမ်းကုန် ကြိုးစားလေ့ကျင့်သွားကြရန်တိုက်တွန်းပါကြောင်းပြောကြားခဲ့ပါတယ်။

(လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲတွင် ဝိတ်တန်း အလိုက် အမျိုးသားပွဲစဉ်များအဖြစ် ၅၁/၅၄ ကီလို တန်း၊ ၅၇/၆၀ ကီလိုတန်း၊ ၆၃ ဒသမ ၅ ကီလိုတန်း၊ ၆၇/၈၀ ကီလိုတန်း ပွဲစဉ် လေးပွဲနှင့် အမျိုးသမီးပွဲစဉ် ၅၄/၅၇ ကီလိုတန်းတိုတွင် အားကစားသမား ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းပြိုင်ပွဲမှတစ်ဆင့် အားကစားသမားများ၏ စွမ်းရည်ပေါ်မူတည်၍လာမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။