ဂန့်ဂေါမြို့နယ်တိုက်ပွဲမှာ တပ်မတော်သား ၃ ဦးသေဆုံးဆိုတဲ့ သတင်းအမှား

ဩဂုတ်လ ၂၇ ရက်နေ့ ဂန့်ဂေါမြိုအခြေစိုက် ခလရ ၅၀ မှ စစ်ကြောင်းက ဂန့်ဂေါမြို့နယ်အတွင်း လှည့်ပတ်ကာ လူသတ်မီးရှို့ လုယက်နေကြောင်း၊ အဆိုပါ စစ်ကြောင်းတွင် ပျူစောထီးပူးပေါင်းအဖွဲ့ပါဝင်ပြီး ပကဖ အဖွဲ့က အနောက်ဂန့်ဂေါကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ တပ်မတော်သား ၈ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်မတော်သား ၃ ဦးခန့်သေဆုံးနိုင်ကြောင်း၊ Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်ဉ်အမှန်မှာ သြဂုတ်လ ၂၉ ရက်နေ့၌ ဂန့်ဂေါမြို့နယ် အနောက်ဂန့်ဂေါကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲဝင်များနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်ကိုပုံကြီးချဲ့ကာ တပ်မတော်သား ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ အများအထင်မှားအောင် လိမ်ညာရေးသားထားခြင်းသာ ဖြစ်ပါတယ်။