၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၇ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း B ရုံတွင် ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားအဖွဲခေါင်းဆောင်၊ အားကစားနည်းအလိုက် အုပ်ချုပ်သူနည်းပြများနှင့် အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကျောင်းသားအားကစားပွဲတော်အထိမ်းအမှတ်အလံကို အားကစားမောင်မယ်များက စုပေါင်းသယ်ယူ၍ လွှင့်တင်ကြသည်။
ထိုနောက် ကျောင်းသားအားကစားအဖွဲများက အားကစားသစ္စာအဓိဌာန်ကို ရွတ်ဆိုကြကာ ကျောင်းသား ကျောင်းသူများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးအစီအစဉ် အတွဲ(၃/၄)နှင့် Physical Fitness Dance အစီအစဉ်များကို သရုပ်ပြတင်ဆက်ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်အား ဇန်နဝါရီ ၁၈ ရက်မှ ဇန်နဝါရီ ၂၇ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများတွင် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အဖွဲခေါင်းဆောင်၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ စုစုပေါင်းအင်အား ၁၆၈၀ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။