ကျောက်တံခါးမြို့နယ် အတွင်း ထရန်စဖော်မာကိုအကြမ်းဖက် pdf များ ဖောက်ခွဲ ဖျက်စီး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြိုနယ်၊ အနန်းဘော်ကျေးရွာအုပ်စု၊ ညောင်ဝိုင်း(အလယ်စု)ကျေးရွာ ရွာလယ်ကောင် ပဲနွယ်ကုန်း-ကျောက်ကြီးသွားကားလမ်းမကြီးနံဘေးရှိ ကျေးရွာနေပြည်သူများ၏ ကိုယ်ထူကိုယ်ထတည်ဆောက်ထားသော ထရမ်စဖော်မာအား ယနေ့ညနေ ၆ နာရီခွဲခန့်က အကြမ်းဖက်သမားများမှ အနောက်ဘက်မှဆိုင်ကယ်ဖြင့်အထုပ်တစ်ထုပ်အား လာရောက်ပစ်ချခဲ့ပြီး အနောက်ဘက်သိုပြန်မောင်းပြေး၍ ရီမုမိုင်းဟုယူဆရသောအဆိုပါ အထုပ်အားဖောက်ခွဲခဲ့သဖြင့် ထရမ်စဖော်မာမှာ လုံးဝအသုံးပြု၍မရအောင်ပျက်ဆီးခဲ့ရသည် ။

ယနေ့ည ၇နာရီကားလမ်းဘေးရှိ ညောင်ဝိုင်း(အရှေ့စု)ကျေးရွာရှိ ထရမ်စဖော်အားထပ်မံ၍ ဗုံးခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။