၁၀၈တောင်ဘုရား (ဂမုန်းပေါင်းစေတီတော်)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီး ကန်ကြီးထောင့်မြို့နယ်မှ ၄မိုင်အကွာ ထိန်တပင်ကျေးရွာအနီးတွင် သွားရောက်ဖူးမြော်နိုင်ပါတယ်။
၎င်းကန်ကြီးထောင့် ဖလုံးအိုင် (၁၀၈)တောင် ဂမုန်းပေါင်းတစ်ထောင်စေတီတော်ကို ဆရာတော်ဦးဉာဏောဒယ တည်ထားကိုးကွယ်ထားပြီး
အများပြည်သူများ လွပ်လပ်စွာ လာရောက်ဖူးမြော်နိုင်ပါတယ်။ ပုသိမ်မြို့မှလာလျှင် ကန်ကြီးထောင့်မြို့မှ ဘဲဂယက်ရွာ သို့သွားကာ ဘဲဂယက်မှတဆင့် ထိန်တပင်ကျေးရွာအနီးတွင် ဖူးမြော်နိုင်ပါတယ်။
ဆရာတော်ဦးဉာဏောဒယသည် ဘုန်းတန်ခိုးကြီးမားသော ဆရာတော်တစ်ပါးဖြစ်ပြီး သက်တော်ကြီး ဝိဇ္ဇာရဟန်းတစ်ပါးဖြစ်ပါတယ်။
ပုသိမ်မြို့သို့ရောက်လျှင် မဖြစ်မနေဖူးမြော်သင့်သော တန်ခိုးကြီးစေတီတော်တစ်ဆူ ဖြစ်သည့်အပြင် ဆရာတော်ဦးဉာဏောဒယကိုလည်း ဖူးမြော်နိုင်ပါတယ်။ယခုတွင်မူ ဆရာတော်၏ကျန်းမာရေးအခြေအနေကြောင့် mask တပ်ပြီး စနစ်တကျဖူးမျှော်ရပါတယ်။
၎င်းဂမုန်းပေါင်းစေတီတော်သည် ဝင်္ကဘာကဲ့သို့တည်ဆောက်ထားပြီး အထပ်ပေါင်းများစွာတည်ရှိပါတယ်။
ဂမုန်းပေါင်းစေတီတော် အနီးတွင် ဖာလုံနတ်ရေကန်တည်ရှိပြီး ၎င်းရေကန်အား ဖာလုံနတ်နှင့် ၎င်း၏သမီးတော် ၃ပါးက စောင့်ရှောက်တယ်လို့လည်း ယုံကြည်ကြပါတယ်။
ဖာလုံနတ်ရေကန်ဟာ အကျယ်အားဖြင့် ၃ဧကခန့်ရှိပြီး ရေများမှာလည်း အလွန်ကြည်လင်ပါတယ်။
၎င်းရေကန်တူးဖော်စဉ်က လှေတစ်စင်း တူးဖော်ရရှိပြီး ၎င်းလှေကိုလည်း ဖာလုံနတ်ရေကန်အတွင်းတွင် ထားရှိထားပါတယ်။
ဒေသခံများ၏ အဆိုအရ ၎င်းနတ်ရေကန်တည်ရှိရာနေရာသည် တစ်ချိန်က ပင်လယ်ဖြစ်တယ်ဆိုပြီးတော့လည်း ဆိုစကားရှိကြပါတယ်။
ဖာလုံနတ်ရေကန်၏ အနီးတွင် ဉာဏ်တော် ပေ၂၀ခန့်ရှိသော မနုသီဟခြင်္သေ့၏ ရုပ်တုကိုလည်းတည်ထားကိုးကွယ်ထားပါတယ်။
နေ့လယ်စာအတွက် ဘုရားပွဲဈေးတန်းတွင် စားသောက်ဆိုင်များရှိသကဲ့သို့ ဓမ္မဒါန ထမင်းစားရုံတွင်လည်း နေ့စဉ်အလှူရှင်များ၏ အလှူတော်များကြောင့် ဆရာတော်ကြီး၏ မေတ္တာထမင်း၊ သိဒ္ဓိဟင်းတို့ကိုသုံးဆောင်နိုင်ပါတယ်။