ဩဂုတ်လ ၁၆ ရက်နေ့မှုခင်းသတင်းများ

-ဩဂုတ်လ ၁၅ ရက်နေ့ ၀၉၃၀ နာရီချိန်တွင် မြင်းခြံမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် နေထိုင်သော ဦးစံပေါ(၅၃) နှစ်အား အကြမ်းဖက်သမားများမှ ပစ်ခတ်သတ်ဖြတ်ခဲ့သောကြောင့် ဦးစံပေါ မှာ နောက်ကျော၊ လည်ဂုတ်ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဩဂုတ်လ ၁၅ ရက်နေ့ ၂၀၃၀ နာရီချိန်တွင် မြောင်မြို့နယ်၊ အလယ်ရပ်ကွက်တွင် နေထိုင်သော ဦးမျိုးကိုကို(၆၀) နှစ်နှင့်ညီဖြစ်သူ တိုးညီညီ (၅၅) နှစ်တို့အား အကြမ်းဖက်သမား(၁၀) ဦးခန့်မှ မော်တော်ယာဉ် ၁ စီးဖြင့် ရောက်ရှိလာပြီး နဘက်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။