ဧရာဝတီတိုင်းတွင် ငရုတ်သီးအခြောက် တစ်ပိဿာလျင် ငွေကျပ် ၁၇၀၀၀ အထိ ဈေးနှုန်းမြှင့်တက်လာ

ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ဇွန်လ ဒုတိယ အပတ်မှ စတင်ပြီး ယနေ့အထိ ငရုတ်သီးအခြောက် တစ်ပိဿာလျင် ငွေကျပ် ၁၇၀၀၀ အထိဈေးပြန်တက်လာသဖြင့် အခြေခံလူတန်းစားများငရုတ်သီးဝယ်မစားနိုင်သည့် အခြေအနေဖြစ်လာကြောင်း ဧရာဝတီတိုင်းကုန်ခြောက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ငရုတ်သီးအခြောက် တစ်ပိဿာလျင် ငွေကျပ် ၁၆၀၀ မှ
၂၀၀၀ အထိသာ ဈေးရှိခဲ့ပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့ရာ ၂၀၂၂ ခုနှစ် ဩဂုတ်လကလည်း ငရုတ်သီးအခြောက် တစ်ပိဿာလျင် ငွေကျပ် ၂၁၀၀၀ အထိ ဈေးတက်ခဲ့သေးကြောင်း သိရသည်။