အွန်နရီပြောပြတဲ့ မက်ဆီအကြောင်း

ရော်နယ်ဒို ဒေါသထွက်တဲ့အခါကျရင် လေ့ကျင့်ရေးမှာ သူဘာလုပ်တတ်မှန်း ကျွန်တော်မသိပေမယ့် မက်ဆီဘာလုပ်တတ်လဲဆိုတာတော့ ကျွန်တော်တွေ့ဖူးတယ်။သူက တကယ့်ကို ခပ်ကြောင်ကြောင်ဗျ။လေ့ကျင့်ရေးလုပ်နေတုန်း ဘာဖြစ်လဲ ခင်ဗျားသိလား။တစ်ခါတစ်လေကျရင် ခင်ဗျားလူချခံရပြီး ပြစ်ဒဏ်ဘောတောင်းပေမယ့် နည်းပြက ဖျန်ဖြေပြီး ဆက်ကစားခိုင်းတယ်။

မကျဉ်းလှတဲ့ နေရာတစ်ခုမှာ တစ်ဘက် ၇ ယောက်စီကျွန်တော်တို့ ကစားနေကြတယ်။ကွင်းတစ်ခြမ်းလောက်ထဲမှာ ကျွန်တော်တို့ကစားနေကြတယ်။မက်ဆီ လူချခံရပြီး ပြစ်ဒဏ်ဘောမရရင် သူကဆွေးနွေးနေရာကနေ ထွက်သွားပြီး ဂိုးသမားဆီပြန်သွားရင်း “ဘောလုံးပေးပါ” ဆိုပြီးသွားတောင်းတယ်။

ဘာစီလိုနာ လေ့ကျင့်ရေးမှာ တစ်ဘက်ဂိုးပေါက်ဆီရောက်ဖို့ဆိုတာ ယာယာတိုရေး၊ဘက်စ်ကွက်စ်၊ပူရိုး၊မားကွက်စ် ဒါမှမဟုတ် နောက်ခံလူတစ်ယောက်ယောက်ကို ကျော်နိုင်မှရမှာ။ဒါပေမယ့် မက်ဆီက အားလုံးကို လိမ်ခေါက်ကျော်ဖြတ်ပြီး ဂိုးသွင်းသွားတယ်။ဒါမျိုးလုပ်နိုင်စွမ်းရှိတဲ့ ကစားသမားဘယ်နှစ်ယောက်ရှိမှန်း ကျွန်တော်မသိဘူး။ဒါပေမယ့် ကျွန်တော့်ရဲ့ ဘောလုံးကစားတဲ့သက်တမ်းမှာတော့ ဒီလိုလုပ်တဲ့ တစ်ခြားကစားသမားမျိုး တစ်ခါမှမမြင်ဖူးဘူး။သူက ” ဘောလုံးပေးပါ” လို့ဂိုးသမားကိုပြောတယ်။အဲ့ဒီနောက် အားလုံးကို လိမ်ခေါက်ပြီး ဂိုးသွင်းတော့တာပဲ။