FA ဖလား စတုတ္ထအဆင့် ပွဲစဉ်များ တရားဝင် မဲခွဲကြေငြာ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ FA ဖလား စတုတ္ထအဆင့် ပွဲစဉ်များကို တနင်္လာနေ့က တရားဝင် မဲခွဲကြေငြာခဲ့ပါတယ်။

လက်ရှိချန်ပီယံ မန်စီးတီးအသင်းက FA ဖလား ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေပြီး ၎င်း၏နောက်တွင် လီဗာပူးလ်၊ ချယ်လ်ဆီး၊ နယူးကာဆယ်တို့ အစဉ်လိုက်ရပ်တည်လျက်ရှိနေပါတယ်။

FA ဖလား စတုတ္ထအဆင့်ပွဲစဉ်များကို ဇန်နဝါရီ (၂၇၊ ၂၈) ရက်များ၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။

FA ဖလား စတုတ္ထအဆင့်ပွဲစဉ်များ

ဝက်ဖို့ဒ်    -    ဆောက်သမ်တန်

ဘလက်ဘန်း    -    ဝရက်ဇ်ဟမ်း

ဘုန်းမောက်    -    ဆွမ်ဆီး

ဝက်စ်ဘရွန်း    -    ဘရန့်ဖို့ဒ်/ဝုလ်ဗ်

ဝက်စ်ဟမ်း/ဘရစ္စတိုးလ်စီးတီး    -    နော်တင်ဟမ်/ဘလက်ပူးလ်

လက်စတာ    -    ဟားလ်စီးတီး/ဘာမင်ဂမ်

ရှက်ဖီးဝင်းစ်ဒေး    -    ကိုဗင်ထရီ

ချယ်လ်ဆီး    -    အက်စတွန်ဗီလာ

အစ်ဝစ်ချ်    -    မစ်ဒ်စတုန်း

လီဗာပူးလ်    -    နောဝစ်ချ်/ဘရစ္စတိုးလ်ရိုဗာ

စပါး    -    မန်စီးတီး

လိဒ်စ်    -    ပလိုင်းမောက်

ခရစ္စတယ်ပဲလေ့စ်/အဲဗာတန်    -    လူတန်/ဘော်လ်တန်

နယူးပို့တ်ကောင်တီ/အက်စ်လိုက်    -    မန်ယူ

ရှက်ဖီးယူနိုက်တက်    -    ဘရိုက်တန်

ဖူလ်ဟမ်    -    နယူးကာဆယ်