ဦးပိန်တံတားကျိုးကျ လူအထိအခိုက်မရှိ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့မှာရှိတဲ့ ဦးပိန်တံတားရဲ့ အစိတ်အပိုင်းတစ်ခု အောက်တိုဘာ (၂၉)ရက် မွန်းလွဲ(၂)နာရီဝန်းကျင်က ကျိုးကျသွားတယ်လို့ အဲ့ဒီနေရာကိုရောက်ရှိနေသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

သီတင်းကျွတ်လပြည့်နေ့ဖြစ်တာကြောင့် ဦးပိန်တံတားကိုလာရောက်လည်ပတ်သူများတဲ့အတွက် အခုလိုကျိုးကျတာဖြစ်တယ်လို့ဆိုပါတယ်။

တံတားကျိုးကျမှုကြောင့် လူတချို့ရေထဲပြုတ်ကျသွားပေမယ့် ထိခိုက်သူတော့မရှိဘူးလို့ ကနဦးအနေနဲ့ သိရပါတယ်။