ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်း ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများနှင့် လက်နက်/ခဲယမ်းများဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်သူများကို ဆုကြေးငွေများ သီသန့်ထောက်ပံ့ပေးလျှက်ရှိပါတယ်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDFအဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ၂၇-၈-၂၀၂၃ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ မုံရွာမြို့နယ်၊ ခန္တီးမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် ပခုက္ကူမြို့နယ်များ၌ တချိန်တည်း တပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာတပ်နယ်မှူးများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ပါတယ်။
ဥပဒေဘောင်အတွင်း ပြန် လည်ဝင်ရောက်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း တမူးမြို့နယ်၊ ကလေးမြို့နယ်၊ မုံရွာမြို့နယ်၊ ခန္တီးမြို့နယ်၊ ဝက်လက်မြို့ နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူမြို့နယ်တို့မှ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့ဝင် အမျိုးသား ၉ဦး၊ အမျိုးသမီး ၁ဦး၊ စုစုပေါင်း ၁၀ဦးတို့သည် ၎င်းတို့နှင့် အတူပါလာသော M-416မောင်းပြန်ရိုင်ဖယ်သေနတ် ၁လက်၊ M-16ကျည်အိမ် ၁ခု၊ ၅.၅၆ကျည် ၂၅တောင့်နှင့် တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံး ၁လုံးတို့အား အပ်နှံကြရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူပြီး မောင်းပြန် ရိုင်ဖယ်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ဦးအား ဆုကြေးငွေ သိန်း၅၀ကျပ်၊ လက်ပစ်ဗုံးဖြင့် အလင်းဝင်ရောက်လာသူ ၁ဦးအား ဆုကြေးငွေ ၃သိန်းကျပ်၊ တိုင်းဒေသကြီးအစိုးရမှ အလင်းဝင်ရောက်လာသူများအား ၁ဦးလျင် သိန်း၂၀ကျပ်၊ စုစုပေါင်း(၂၅၃) သိန်းကျပ်၊ ထောက်ပံ့ပစ္စည်းပေးအပ်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေများတွင် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ ၇၄ ဦးအား မိဘအုပ် ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါသည်။