အဲရစ်တန်ဟတ်နဲ့ထိပ်တိုက်ရင်ဆိုင်ရတော့မယ့်အပေါ် ပြောပြလာတဲ့ နည်းပြကွန်တီ

ဒီတစ်ပတ် ကြားရက်မှာ ဥရောပချန်ပီယံလိဂ် ယူရိုပါလိဂ်ပြိုင်ပွဲတွေကို ကျင်းပသွားခြင်းမရှိပဲ အမှတ်ပေးပွဲတွေကိုသာ ဆက်လက် ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။

ဒီလို ကြားရက်ထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက ပရီးမီးယားလိဂ် ပွဲကျပ်တစ်ပွဲအဖြစ် တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ထိပ်တိုက် တွေ့ဆုံရမှာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်နဲ့ပတ်သတ်ပြီး ကွန်တီက”ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် မဆုံဖူးတဲ့အတွက် သူ့အကြောင်းတော့ ကောင်းကောင်းမသိပါဘူး။ သူ Ajax မှာတော့ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။

သူက အသင်းကို သူ့ရဲ့နည်းစနစ်တွေနဲ့ အကောင်းဆုံးဖြစ်လာအောင် ကြိုးစားနေပြီးတော့ အသင်းကလဲ သူ့ကို ပံ့ပိုးပေးနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူလည်းပဲ တခြားနည်းပြတွေလို အသင်းတိုးတက်လာဖို့အတွက် အချိန်လိုအပ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Crd; fb news