ခရိုင်းမီးယားတံတားကို တိုက်ခိုက်ရန် ဦးတည်လာသည့် ယူကရိန်း ရေပြင်သွားဒရုန်းကို ဖျက်ဆီးခဲ့ဟု ရုရှားစစ်တပ်ပြော

ခရိုင်းမီးယားတံတားကို တိုက်ခိုက်ရန် ကြိုးပမ်းမှုအတွင်း ယူကရိန်းမှ ပစ်လွှတ်ခဲ့သော ရေပြင်သွားဒရုန်းကို ရုရှားတပ်များက ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထောက်များအား ပြောကြားခဲ့သည်။

“စက်တင်ဘာ ၁ ရက်နေ့ မော်စကိုစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်မှာ ယူကရိန်းအစိုးရဟာ ခရိုင်းမီးယားတံတားကို ရေပြင်ပေါ်သွား ဒရုန်းတစ်စင်းနဲ့ အကြမ်းဖက်တိုက်ခိုက်ဖို ကြိုးပမ်းခဲ့ပါတယ်။ အဲဒီ ယူကရိန်း ရေပြင်သွားဒရုန်းကို ပင်လယ်နက်ရေပြင်မှာ အချိန်မီတွေ့ရှိပြီး ဖျက်ဆီးနိုင်ခဲ့ပါတယ်” ဝန်ကြီးဌာနက ပြောသည်။