အုန်းတောမှာ စစ်သား ၃ ဦးသေပြီး ၁ ဦး ဒဏ်ရာရတယ်လို့ မြေလတ်အသံ မှ သတင်းအတုရေး

ဩဂုတ်လ ၁၆ ရက် မကွေးတိုင်း၊ ပေါက်မြို့နယ်မှာတပ်စွဲနေတဲ့ အင်အား ၇၀ ပါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပခုက္ကူတပ်မ ၁၀၁ ကို သွားရောက်တဲ့အချိန် အုန်းတောကျေးရွာအထွက်မှာ PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးသေပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ မြေလတ်အသံ မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၆ ရက်နေ့ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာတပ်စွဲနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပခုက္ကူသို့သွားရောက်ခဲ့ခြင်းမရှိသလို အုန်းတောကျေးရွာအထွက်မှာလည်း PDF များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ မြေလတ်အသံ မှ စိတ်ကူးပုံဖော်တိုက်ပွဲဖန်တီးကာ တပ်မတော်ကိုအပုတ်ချပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးသေပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအတုလုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။