အိန္ဒိယအစိုးရက မုန်တိုင်းသင့်မြန်မာပြည်သူများကို ကူညီ

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် မိုခါ ဆိုင်ကလုန်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများကို ဒေသတွင်းနိုင်ငံများထဲတွင် ပထမဦးဆုံးအဖြစ်ပေးအပ်ခဲ့ပြီး ဆက်လက်ကူညီဦးမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာက ယနေ့ မေလ ၁၈ ရက်နေ့မှာ တွစ်တာတွင် ရေးသားခဲ့ပါတယ်။
“ ဆိုင်ကလုံး မိုခါ ရဲ့ အကျိုးဆက်ခံစားနေကြရတဲ့ မြန်မာပြည်သူတွေအတွက် အိန္ဒိယနိုင်ငံဟာ မိတ်ဆွေအနေနှင့် ကရုဏာစစ်ဆင်ရေး Operation Karuna အဖြစ် ကူညီမှုတွေ ပြုလုပ်ဆောင်ရွက်နေပါပြီ။ ပြန်လည်ထူထောင်ရေးပစ္စည်းတွေတင်ဆောင်လာတဲ့ အိန္ဒိယရေတပ်စစ်သင်္ဘော (၃)စီးဟာ ဒီကနေ့ ရန်ကုန်ကိုရောက်ရှိလာပါပြီ။