အာလူးဆနွင်းမကင်းလေးလုပ်စားကြည့်ရအောင်


ပါ၀င်သောပစ္စည်းများ
၁။ အာလူး – ၅၀ သား
၂။ သကြား – ၁ ခွက်ခွဲ
၃။ ဂျုံမှုန့် (All Purpose Flour) – ခွက်တစ်ဝက်
၄။ အုံးသီးခြစ်ဖတ် – ၁ ခွက် 
၅။ အရည်ပျော်နေသော ထောပတ် – ထမင်းစားဇွန်း ၁၀ ဇွန်း
၆။ အုန်းနို့ – ၂၀၀ ml
၇။ ဆား – လက်ဖက်ရည်ဇွန်း တစ်၀က်
၈။ ဘိန်းစေ့ – အနည်းငယ်

ပြုလုပ်နည်း
အာလူးကို ရေဖြင့် နူးအောင်ပြုတ်ပြီး အအေးခံထားပါ။ ပြီးလျှင် အခွံနွှာ၍ အာလူးများကို ညက်နေအောင် ခြေထားပါ။ မုန့် ဖုတ်စက်ကို 350’F (175’C) မှာ မုန့်မဖုတ်ခင် ၁၀ မိနစ်ခန့် ကြို၍ အပူပေးထားပါ။ ထို့နောက် ထောပတ် ထမင်းစားဇွန်း ၂ ဇွန်းနှင့် အုန်းနို့ ထမင်းစားဇွန်း ၂ ဇွန်းကို ချန်ပြီး ကျန်တဲ့ ပါ၀င်သော ပစ္စည်းများအားလုံးကို ခြေထားသော အာလူးနှင့် နှံ့အောင်နယ်ပါ။ နယ်ထားသော အာလူးအနှစ်များကို ဆီသုတ်ထားသော ဘန်းထဲကို ဖိ၍ ထည့်ပါ။ ပြီးလျှင် မျက်နှာပြင်ညှိပါ။ ပြီးလျှင် ချန်ထားသော အုန်းနို့နှင့် ထောပတ်တို့ကို မျက်နှာပြင်အပေါ် လောင်းပါ။ ၃၅၀’F (175’C) မှာ အပူပေးထားသော မုန့်ဖုတ်စက်ထဲတွင် ၁ နာရီထည့် ဖုတ်ပါ။ ပြီးလျှင် 450’F (230’C) ကို ပြောင်း၍ မိနစ် ၂၀ ခန့် မျက်နှာပြင် ညိုလာအောင်ဖုတ်ပါ။ မုန့်ကိုအအေးခံ၍ ကြိုက်နှစ်သက်သလို လှီးပြီး သုံးဆောင်နိုင်ပါပြီ။