အလောင်းနဲ့ ဒဏ်ရာရသယ်ဖို့ အလောင်းကောက်အဖွဲ့ဖွဲ့ထားတဲ့ KNU/KNDF/PDF များ

ယခုနောက်ပိုင်း သူတင်ကိုယ်တင်တိုက်ပွဲများ ရင်ဆိုင်တိုက်ခိုက်လာတာကြောင့် အကြမ်းဖက် KNU များအနေဖြင့် နေ့စဉ်ရက်ဆက်သေဆုံးမှုများ များပြားလာတာပဲ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်တွေရဲ့ အလောင်းတွေမမြင်ရတာကြောင့် တပ်မတော်ထောက်ခံပြည်သူများအနေဖြင့် အကြမ်းဖက်များ မသေကြဘူးလားဆိုပြီး တပ်မတော်ကို အထင်အမြင်လွှဲမှားနေကြပါတယ်။ တကယ်တော့ သူတို့အနေနဲ့ တိုက်ပွဲအတွင်းအသေအဆုံးအများအပြားရှိပြီး သေတဲ့အလောင်းတွေကိုသယ်ဖို့ ရှေ့တန်းမှာသေတဲ့လူတွေရဲ့ အလောင်းကိုပြန်ဆွဲထုတ်ဖို့ ကားတွေနဲ့ ပြန်သယ်ထုတ်ဖို့ သီးသန့်ဖွဲ့စည်းထားတာကြောင့် အလောင်းတွေကို မတွေ့ရတာပဲ ဖြစ်ပါတယ်။ အချိန်တန်တော့လည်း အကြမ်းဖက်သမားတွေဆီကပဲ အလောင်းတွေမမြှုပ်နိုင်လို့ ဘတ်ဟိုးနဲ့တူးမြှုပ်နေရတဲ့ ပုံတွေ၊ အလောင်းတွေ စီနေတဲ့ပုံတွေ၊ ထမ်းစင်တစီစီနဲ့ပုံတွေ၊ ခြေပြတ်လက်ပြတ် တိုးလို့တန်းလန်း ပုံတွေက အလိုလိုတက်လာတော့တာပါပဲ…ဒါကြောင့်မို့ အရမ်းကြီး အပြစ်တင်မစောပါနဲ့လို့ ပြောပြရစေ အမျိုးတို့ရေ…..အကြမ်းဖက်တွေကတော့ ငိုနေတာတောင် ပေါ်တင်မငိုရဘဲ ခိုးနေနေရတဲ့အဖြစ်..စိတ်ကောင်မကောင်းဘူး…