ပြင်ဦးလွင် ပန်းပွဲတော် ကျင်းပမည်

မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ ၊ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ၁၆ ကြိမ်မြောက် Flower Wonderland ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်နေ့မှ ဇန်နဝါရီ ၁၄ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။
ပန်းပွဲတော်ကျင်းပနိုင်ရန်အတွက် ဒီဇင်ဘာ ၁ ရက် နေ့လယ်ပိုင်းက မန္တလေးတိုင်ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့သည်။
ပန်းပွဲတော်တွင် ဒေသပန်းမျိုးများ ပါဝင်ပြသမည့် ဇုန်တစ်ဇုန်အပါအဝင် ပြကွက်ဇုန် ၈ ဇုန်၊ ပန်းအရေအတွက် ၂ သိန်းစီစဉ်ထားရှိပြီး ပန်းများအလှဆင် စိုက်ပျိုးပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် ပန်းပွဲတော်ကို ၂၀၁၆ ခုနှစ်မှ စတင် ကျင်းပခဲ့ခြင်း ဖြစ်သည်။