အရှေ့ဒဂုံရဲစခန်းကို အ‌ဝေးထိန်းမိုင်းနဲ့ ခွဲတယ်ဆိုတဲ့သတင်းအမှား

ဩဂုတ်လ၂၉ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်အရှေ့ပိုင်းမြို့နယ်၊ (၁၅၅) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မြို့မရဲစခန်းကို အဝေးထိန်းမိုင်းများအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီး ထိခိုက်မှုအခြေအနေများအား စုံစမ်းနေဆဲ ဖြစ်ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၂၉ ရက်နေ့၌ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မြို့မရဲစခန်းတွင် ဗုံးခွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit မှ အများပြည်သူများ ကြောက်လန့်စေရန် လုပ်ကြံဖန်တီးပြီး ရေးသားထားခြင်းသာ ဖြစ်ပါတယ်။