အမ်းမြို့နယ် ယာယီတိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအား ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့

အမ်းမြို့နယ်အတွင်း ယာယီတိုက်ပွဲရှောင်စခန်း/စုရပ်များမှ နောက်ဆုံး ဆဌမအကြိမ်မြောက် မူလနေရပ်သို့ ပြန်မည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၂၉)စု ၊ လူဦးရေ (၁၀၃၂)ဦး အား နေရပ်သို့ပြန်လည်ပို့ဆောင်ခဲ့ပြီး အမ်းမြို့နယ်အတွင်းမှ ယာယီတိုက်ပွဲရှောင်စခန်းများကို ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
နေရပ်သို့ပြန်ပို့ရာတွင် တာဝန်ရှိသူများက တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး နယ်မြေခံတပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်များကို ကူညီဆောင်ရွက် ပေးခဲ့တယ်လို့ သိရှိရပါတယ်။