အဖျက်ပိုးနှင့် အင်းဆက်ပိုးမွှား

အဖျက်ပိုးတိုင်းဟာ အင်းဆက်ပိုးမွှား မဟုတ်သလို အင်းဆက်ပိုးမွှား တိုင်းဟာလည်း အဖျက်ပိုးမဟုတ်ပါဘူး။
ဒီလိုအခေါ်အဝေါ်ရဲ့ ကွာခြားချက်တွေကတော့…
အဖျက်ပိုးဆိုသည်မှာ –
အဖျက်ပိုး(အဖျက်သမား)တွေပါဘဲ သူတို့တွေဟာ သီးနှံစိုက်ခင်းတွေကို စားသောက်ဖျက်ဆီးရုံသာမက
သက်ရှိသတ္တဝါတို့ကိုပါ အန္တရာယ်ပေးနိုင်ပါတယ်။ ဥပမာအနေနဲ့ ကြွက်၊ ပိုးဟပ်၊ ခြ၊ လင်းနို့၊ မွှား၊ ဂျပိုး စတဲ့ သတ္တဝါလေးတွေပါပါတယ်။
အင်းဆက်ပိုးမွှား ဆိုသည်မှာ –
သီးနှံစိုက်ခင်းကို မဖျက်စီးကြပါဘူး သူတို့လေးတွေထဲမှာ အကျိုးပြုသတ္တဝါ(Beneficial Insect)တွေရှိကြပါတယ်။
ဥပမာအနေနဲ့ ပျား၊ လိပ်ပြာ၊ ပိတုန်းလေးတွေဟာ အကျိုးပြုသတ္တဝါလေးတွေဖြစ်ပြီး ဝတ်မှုန်ကူးရာမှာ အထောက်အကူပြုပါတယ်။
Predator insect လို့ခေါ်တဲ့ သားရဲကောင်လေးတွေဟာ အဖျက်ပိုးလေးတွေကို ဖမ်းဆီးစားသောက်ပေးပါတယ်။
(ဥပမာ-ဓားခုတ်ကောင်၊ နှံကောင်)
Parasite insectလေးတွေက အဖျက်ပိုးလေးတွေရဲ့ ဥထဲမှာ နေရာယူပြီး သားလောင်းလေးတွေကို ပျက်စီးစေပါတယ်။
(ဥပမာ -နကျယ်ကောင်)
လိပ်ခုံးကျိုင်းလေးတွေမှာဆိုရင် ကျောပေါ်ကအတောင်မှာ အစက် ၆စက်ပါရင် အင်းဆက်ပိုးဖြစ်ပြီး၊ ၆စက်ထက်ပိုပြီးပါရင် အဖျက်ပိုးဖြစ်ပါတယ်။
ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ခွဲခြားမည်ဆိုလျှင် အဖျက်ပိုးဟာ ကျောရိုးရှိ သတ္တဝါ၊ ကျောရိုးမဲ့ သတ္တဝါများနှင့် အရွယ်အစား
သေးငယ်တဲ့ အကောင်လေးတွေ ပါဝင်နိုင်ပါတယ်။ အင်းဆက်ပိုးမွှားတွေဟာ ကျောရိုးမဲ့သတ္တဝါလေးတွေဖြစ်ပါတယ်။ ခြေလက်အနေနဲ့ ၆ချောင်း ပါပါတယ်။
အဖျက်ပိုး တွေကို ထိန်းချုပ်တဲ့နေရာမှာ Pesticide ပိုးသတ်ဆေးကို အသုံးပြုပြီး
အင်းဆက်ပိုးမွှားတွေကို insecticide ပိုးသတ်ဆေး လို့ခေါ်တဲ့ဆေး အသုံးပြုပြီး နှိမ်နင်းကြပါတယ်။
ဒီလိုဗဟုသုတလေးတွေက မိမိစိုက်ခင်းထဲကို ပိုးကျတဲ့အခါ အဖျက်ပိုးနဲ့ အကျိုးပြုအင်းဆက်ပိုးမွှား ခွဲခြားဖို့ လွယ်ကူစေပါတယ်နော်။

အင်းဆက်ပိုး/ အကျိုးပြုသတ္တဝါများ
အဖျက်ပိုး/ အကျိုးမဲ့စေသော သတ္တဝါများ