အပစ်အခတ်ရပ်စဲဖို့ ကြားဝင်ပေးတဲ့ တရုတ်နိုင်ငံကို ပမာမခန့်လုပ်လိုက်တဲ့ MNDAA

ဟိုင်ဂင်သဘောတူစာချုပ်အရ မြောက်သုံးကောင်အဖွဲနှင့် တပ်မတော်စစ်ကြောင်းများ အပစ်အခတ်ရပ်စဲထားသော်လည်း ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်တွင် လားရှိးမြို လုံခြုံရေးဆောင်ရွက်နေသော နယ်ခြားတံတားအနီးရှိ တပ်မတော်စခန်းတစ်ခုကို MNDAA အင်အား ၆၀ ခန့်က ၄၀ မမ၊ RPG၊ စက်လက်၊ လက်နက်ငယ်များဖြင့်လည်းကောင်း၊ Drone ၂ စီးဖြင့် Drop Bomb ၁၂ လုံး ဖြုတ်ချ၍လည်းကောင်း စတင်တိုက်ခိုက်လာခဲ့သဖြင့် မိမိဘက်မှ တုံပြန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိဘဲ ရန်သူထံမှ M-22 ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည်မျိုးစုံ ၈ တောင့်၊ လက်ပစ်ဗုံး ၈ လုံး၊ စကားပြောစက် ၂ လုံးနှင့် လက်ကိုင်ဖုန်း ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။

MNDAA အဖွဲ့အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဟာ ကြားဝင်ညှိနှိုင်းပေးတဲ့ တရုတ်နိုင်ငံအပေါ် မထီမဲ့မြင်သဘောထားလိုက်ခြင်းလား.?