အစ္စရေးက ဗုံးကြဲလိုက်သည့် ဂါဇာဆေးရုံ

ဂါဇာမှာရှိတဲ့ ဒုက္ခသည်များကိုစုဝေးရာ Al Ahli ဘက်ပတစ်ခရစ်ယာန်ဆေးရုံကို အစ္စရေးက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနာနှင့် ဆေးဝန်ထမ်းများအပါအဝင် ၅၀၀ ကျော်သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ အင်မတန်ကိုထိလွယ်ရှလွယ်ပြီး နောက်ဆုံးအခြေအနေဖြစ်တဲ့ တတိယကမ္ဘာစစ်တောင် ဖြစ်သွားနိုင်တဲ့ အခြေအနေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အစ္စရေးနိုင်ငံနှင့် ယင်းတို့ကို ထောက်ခံအားပေးနေသည့် နိုင်ငံတွေများနှင့် အမေရိကန်ကဲ့သို့သော နိုင်ငံက အဆိုပါဖြစ်စဉ်အား အစ္စရေးမလုပ်ကြောင်း ဗုံးကြဲတိုက်ခိုက်မှုမရှိကြောင်း အမျိုးမျိုးငြင်းဆန်ပြီး ၎င်းတို့၏ သတင်းချန်နယ်များတွင်လည်း သတင်းခေါင်းစဉ်အား အမျိုးမျိုးပြောင်းလဲခဲ့သည်ကို မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။

အမေရိကန် နယူးယောက်တိုင်းမ်သတင်းစာ ခေါင်းစဥ်စာသား ၃ ကြိမ်တိုင် ပြင်ဆင်ဖော်ပြ

  • ဂါဇာဆေးရုံကို အစ္စရေးဗုံးကြဲ၊ ရာချီသေဆုံး။
  • ဂါဇာဆေးရုံ တိုက်ခိုက်မှု ၅၀၀ ကျော်သေ။
  • ဂါဇာဆေးရုံ ပေါက်ကွဲမှု ၅၀၀ ကျော်သေ။

ဒီလိုအကြမ်းဖက်မှုလုပ်ရပ်ကို ဘာကြောင့်များ အကြောက်အကန်ငြင်းနေရတာလဲဆိုရင် အစ္စရေးအနေနဲ့ အဆိုပါဆေးရုံးအား ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအား နိုင်ငံတကာတွင် ဖြေရှင်းချက်များပေးပြီး တတိယကမ္ဘာစစ်ဆိုတဲ့ အခြေအနေကို ရောက်သွားမှာစိုးရိမ်တာကြောင့်ပါ။ နိုင်ငံတကာက လေးစားလိုက်နာနေတဲ့ ဥပဒေများကို ချိုးဖောက်ရာလည်း ရောက်နေခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုအစ္စရေးနှင့် အမေရိကန်တို့မှ အကြောက်အကန်ငြင်းနေရသည့်အချိန် မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်အဖွဲ့အစည်း NUG/CRPH လက်အောက်ခံ PDF များအနေဖြင့် အစ္စရေးနိုင်ငံ၏ ငြင်းဆိုချက်များနှင့် မတူပဲ ဆေးရုံ/ စာသင်ကျောင်း/ အစိုးရဝန်ထမ်းများကို သတ်ဖြတ်မှုများအား ၎င်းတို့ ကိုယ်တိုင်ဆောင်ရွက်နေကြောင်း ကြေငြာချက်များ/ထုတ်ပြန်ချက်များနှင့် အကြမ်းဖက်မှုများလုပ်ဆောင်နေချိန် Video မှတ်တမ်းများ ရိုက်ကူး၍ လူမှုစာမျက်နှာများတွင် ထုတ်ပြန်ဆောင်ရွက်နေသော်လည်း ၎င်းတို့လုပ်ရပ်များအား အနောက်ဩဇာခံ မီဒီယာများ၊ အဖွဲ့အစည်းများက ထောက်ခံအားပေးနေပြီး အကြမ်းဖက် PDF များအနေဖြင့် အကြမ်းဖက်မှုများ ပေါ်ပေါ်တင်တင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းများကလည်း PDF များအား အကြမ်းဖက်အဖြစ်မသတ်မှတ်ပဲ ထောက်ခံအားပေးနေတာကို စိတ်မကောင်းစွာ တွေ့ရှိနေရပါတယ်။