အခြေအနေမလှတဲ့ ယူကရိန်းဘဝ

ယူကရိန်းအနေနဲ့ နိုင်ငံတကာထောက်ပံ့ငွေများဖြင့် နိုင်ငံ့ဝန်ထမ်းများကို လစာငွေပေးချေမှုများ ပြုလုပ်နေရပြီးပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ နှင့် ဖင်လန်နိုင်ငံတို့မှ ထောက်ပံ့ငွေ ကန်ဒေါ်လာ ၁.၂ ဘီလီယံကျော် ကို ယူကရိန်းနိုင်ငံသို့ ပေးပို့ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ထောက်ပံ့ငွေများကို ယူကရိန်း နိုင်ငံအတွင်းရှိ နိုင်ငံ့ဝန်ထမ်း၊ ဆရာ၊ ဆရာမများ၊ ပင်စင်လခစားများနှင့် အခြားသောငွေပေး ချေမှုများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ယူကရိန်းဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၂၉ရက်နေ့ကအတည်ပြုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ယူကရိန်းအနေနဲ့ နိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ ရုရှားလို နိုင်ငံမျိုးကို အံတုယှဉ်ပြိုင်နေဖို့ဆိုတာ လွယ်ကူသည့် ကိစ္စရပ်မဟုတ်ပါ။ အခုနောက်ပိုင်း ယူကရိန်းအနေနဲ့ အထိအခိုက်အကျအဆုံးတွေများပြားနေသလို ထောက်ပံ့မှုများကိုလည်း မျှော်လင့်နေရတဲ့ ဘဝဖြစ်လို့နေပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အတွေ့အကြုံမရှိတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဇလန်စကီးကြောင့် အခုဆိုရင်တော့ ယူကရိန်းပြည်သူ ဘဝတွေဟာ သနားစရာဘဝကိုရောက်ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံတကာက မြှောက်ပေးတိုင်း အဟုတ်ထင်မိတဲ့ အနောက်မျှော် အတွေးအခေါ်တွေကြောင့် ဖြစ်ပြီး ဒီလိုသင်ခန်းစာတွေကို မြန်မာပြည်က အကြမ်းအဖက် PDF တွေကိုပါ သိစေချင်တယ်။