သူရဲကောင်းတို့ မွေးဖွားရာ ဗထူးမြေမှ အောင်ပွဲရတပ်မတော်သားများအား ပြည်သူလူထုမှ လှိုက်လှိုက်လှဲလှဲ ကြိုဆို

နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေးနှင့် အမျိုး/ဘာသာ/သာသနာ မပျောက်မပျက် ထာဝရတည်တံ့ခိုင်မြဲရေးအတွက် ရင်မြေကတုတ်ပြုလုပ်၍ အနောက်ဘက်ခြံစည်းရိုး ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေရာမှ ယနေ့တွင် တပ်ရင်းဌာနချုပ်သို့ ပြန်လည်ဝင်ရောက်လာသော အောင်ပွဲရ တပ်မတော်သားများအား နယ်မြေခံတပ်မတော်သားမိသားစုဝင်များ၊ ဘုရားသားတော် ရဟန်းသံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ဒေသခံတိုင်းရင်းသားလူမျိုးများမှ လှိုက်လှဲစွာကြိုဆိုခဲ့ကြပါသည်။
စွန့်စားရဲရင့် အောင်ပွဲဆင့်