သီတင်းကျွတ်လပြည့်နေ့ အဖိတ်နေ့တွင် ရွှေတိဂုံစေတီတော်တွင် လျှပ်စစ်မီးစေတီများစုပေါင်းဆက်ကပ်

ရွှေတိဂုံ​စေတီတော် ဂေါပကအဖွဲ့ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ (အဖိတ်နေ့)တွင် စေတီတော်ကြီးအား လျှပ်စစ်မီးစေတီစုပေါင်းဆက်ကပ်ပွဲကို အောက်တိုဘာ ၈ ရက်နေ့ညတွင် စေတီတော်ရင်ပြင်၌ ကိုဗစ် ၁၉ ရောဂါစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါတယ်.. ရှေးဦးစွာ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့.ဝန်ထမ်းများနှင့် ဘုရားဖူးလာဧည့်သည်များက လျှပ်စစ်မီးစေတီကို ရွှေတိဂုံဘုရားအား လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး ပန်း ဆီမီး ရေချမ်း အမွှေးနံသာများကပ်လှူပူဇော်၍ဆု​တောင်း အမျှဝေ သာဓုခေါ်ကြကာ ဆီမီးများထွန်းညှိကပ်လှူပူဇော်ခဲ့ကြတယ်လို့ သိရှိရပါတယ်….