သတ်မှတ်အချိန် ကျော်လွန်ဖွင့်လှစ်တဲ့ တောင်ဥက္ကလာက Transporter Club ကို ဝင်ရောက်ဖမ်းဆီး

ရန်ကုန်တိုင်း​ဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဝေဇယန္တာလမ်းအမှတ် (၅၀)မှာ ဖွင့်လှစ်ထားတဲ့ Transporter Club ကို သတ်မှတ်ပေးတဲ့အချိန်ကို ကျော်လွန်ဖွင့်လှစ်ခဲ့တာကြောင့် ဒီနေ့ ဇူလိုင် ၂၂ ရက်မနက် နံနက် ၁ နာရီဝန်းကျင်မှာ သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်ထားတဲ့ နိုက်ကလပ်၊ KTV နဲ့ စင်တင်စားသောက်ဆိုင်တွေကို ဇွန်လမှစတင်ကာ စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီး အဲဒီအထဲက ဆိုင်အချို့ကိုတော့ သတ်မှတ်ချက်နဲ့မညီညွတ်တဲ့အတွက် ယာယီပိတ်သိမ်းမှုတွေလုပ်ဆောင်ခဲ့ပြီးတဲ့နောက် ဇူလိုင် ၅ ရက်နေ့မှစတင်ကာ ဆိုင်တွေကို အချိန်အကန့်အသတ်နဲ့ ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားတာဖြစ်ပါတယ်။

ယခုကလပ်ကို ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာတော့ အမျိုးသား (၁၀၂) ဦးနဲ့ အမျိုးသမီး (၇၉) ဦးကိုဖမ်းဆီးရမိခဲ့သလို ကလပ်မန်နေဂျာ ညီမောင် ဆိုသူကိုလည်း ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုထားပြီး ကလပ်ကို ယာယီပိတ်သိမ်းလိုက်တယ်လို့လည်း သိရပါတယ်။

mhtnews