အင်တာမိုင်ယာမီအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးတဲ့ မက်ဆီ

ကမ္ဘာ့ဖလားဆုရှင် လီယွန်နယ်မက်ဆီဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ စောင့်ဆိုင်းခဲ့ရတဲ့ သူ့ရဲ့ပထမဆုံးပွဲဦးထွက်ပွဲစဉ်မှာတော့ ကမ္ဘာ့ထိပ်တန်းကစားသမားတစ်ဦးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အနိုင်ဂိုးကို လှလှပပသွင်းယူပြခဲ့ပါတယ်။

ဇူလိုင်လ ၂၁ ရက် မနေ့ညက အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါမှာ ကစားခဲ့တဲ့ လိဂ်ဖလားအဖွင့်ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းက ခရုဇ် အာဇူလ်အသင်းကို မက်ဆီရဲ့အနိုင်ဂိုးနဲ့အတူ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မေဂျာလိဂ်ဘောလုံးကလပ်မှာ အင်တာမိုင်ယာမီအသင်းအတွက် အားတက်စရာ ပွဲဦးထွက်ဖြစ်စေခဲ့ပါတယ်။