သတင်းမှားကြောင့် လုပ်ကြံခံရခြင်း

အကြမ်းဖက်တွေလုပ်ကြံလို့ အသက်ဆုံးရှုံးသွားရတဲ့ ဆေးကျောင်းသား မောင်ဝင့်မိုးအောင် သည် အငြိမ်းစားဗိုလ်မှူးကြီးတဦးရဲ့သားလုံးဝမဟုတ်ပဲ စစ်တပ်နဲ့လုံးဝသက်ဆိုင်မှု မရှိကြောင်းသိရပါတယ်။

စာတော်လို့ ဆိုပီး ယခုအတူတူလုပ်ကြံခံရတဲ့ အဒေါ်တွေက မွေးစားထားခြင်းသာဖြစ်တယ်။အလွန်အနေအေးပီး စာတော်သော ဆေးကျောင်းသားတစ်ယောက်သာဖြစ်ပါတယ်။လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ သူတိုအိမ်ရှေ့မှာ ကားပါကင်လုတဲ့ ကိစ္စနဲ့ လမ်းထဲကလူတွေနဲ့ ပြသနာတက်ဖူးတယ်လို့သိရပြီးတခြားမည်သည့်နိုင်ငံရေးကိုမှ ဝင်ပါခြင်းလည်း မရှိပါ။

လမ်းထဲမှာလည်း သီးသန့်နေထိုင်သူတွေဖြစ်လို့ပုဂ္ဂိုလ်ရေးအရမကျေနပ်ချက်ကြောင့် လုပ်ကြံခံရခြင်းသာဖြစ်ပါတယ်။အဲ့ဒီလမ်းထဲမှာ အကြမ်းဖက်ဆက်သွယ်သူ တစ်ဦးမကရှိနိုင်ပါတယ်။ သေခြာစိစစ်ရင်တော့ ပေါ်လာမှာပါပဲ။

စစ်တပ်နဲ့ပတ်သက်တာတို့ အငြိမ်းစားဗိုလ်မှူးကြီးသား ဆိုပီးဖွနေတာ သတင်းမှားတွေနဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့် တပ်မတော်နှင့်ပတ်သက်တယ်ဆိုပြီး ဝါဒဖြန့်မှုတွေကြောင့် ဒုက္ခရောက်ကြရတာဖြစ်ပါတယ်။