သစ်ပင်ပန်းမန် ချစ်သူတွေ မလွဲမသွေ ကြုံတွေ့လာရမယ် ပိုးစေးနှဲ (Mealybug) ပြဿနာကို အလွယ်တကူ ဖြေရှင်းနည်း

ဒီပိုးစေးနှဲကောင် ပန်းချစ်သူတို့ရဲ့ အပင်တွေမှာ မြင်မိပြီဆိုရင်တော့ အမြန်ဖယ်ရှားပြစ်ပါ။ ပိုးစေးနှဲ (Mealybug) တွယ်ပြီဆို အပင်တွေ အားနည်းလာပြီး အရွက်များမသန်တောပဲ တွန့်လိန်ပြီး အရွက်ဝါကာ မသန်မစွမ်းတွေ ဖြစ်လာပါတော့တယ်။ နောက်ပြီး ဒီပိုးစေးနှဲကောင်လေးတွေကို ပုရွက်ဆိတ်က တအား ကြိုက်တာမို့ ပုရွက်ဆိတ်တွေပါ ထပ်မံပြီး အုံလာပါတော့တယ်။ ကဲဒီတော့ ဒီလိုစဖြစ်နေပြီဆိုရင် ပိုမိုများပြား မလာရင် မြန်မြန် နှိမ်နင်းကြရင်တော့ သစ်ပင်လေးတွေ အားမနည်းခင် ကြိုတင်ကာကွယ်နိုင်တာပေါ့နော့…. ဆေးနည်းတွေက လွယ်ကူပြီး ထိရောက်လို့ ဖော်စပ်ရတာလည်း မခက်ပါဖူးနော် ….. အောက်မှာ ဆေးနည်းလေးတွေကို ဖော်ပြပေးထားပါတယ်
၁။ အရက်ပျံ တစ်ဖုံးစာ + ပန်းကန်ဆေးဆပ်ပြာဆီ တစ်ဖုံး + စားသုံသည့်ဆီတစ်ဖုံး + ရေတစ်လီတရောစပ်ပြီး တစ်ပင်လုံးအနှံ့ဖြန်းပေးပါ
၂။ Dettol ဆေးရည် လက်ဖက်စားဇွန်း တစ်ဇွန်း + ပန်းကန်ဆေးဆပ်ပြာရည် တစ်ဇွန်း + ရေတစ်လီတာရောစပ်ပြီး ဖြန်းပေးပါ
၃။ ဗီနီကာတစ်ဖုံး + ဂျင်းထောင်း အရည်ညှစ် တစ်ဖုံးစာ + ရေတစ်လီတာ ရောစပ်ပြီး ဖြန်းပေးပါ
၄။ အင်ဖာနိုဆေး လက်ဖက်စားဇွန်း လေးပုံတစ်ပုံ + ရေတစ်လီတာရောစပ် ပြီးဖြန်းပေးပါ ( ဆေးရည်မဖြန်းမီ အပင်ကို ရေဖြင့်အရင်ဖြန်းပေးပြီးမှ ဆေးရည်ရောစပ်ထားတာကို ဖြန်းပေးရပါမည် ) ဆေးရည်ဖြန်းပြီး နောက်ရက်တွင် ဆပ်ပြာရည်တစ်ဖုံး + ရေတစ်လီတာရောစပ်ပြီး ထပ်မံဖြန်းပေးရပါမည်။
ဖော်ပြပါ နည်းများထဲမှ မိမိတို့ထံမှာ လွယ်လင့်တကူရှိသော ပစ္စည်းများဖြင့် လုပ်ဆောင်ရန် လွယ်သောနည်းကို ရွေးချယ်ကာ ပိုးစေးနှဲရန်မှ ကာကွယ်ရင်း သစ်ပင်ပန်းမန်လေးများ ကျန်းမာသန်စွမ်းကြပါစေ ….