ဝေးလံခေါင်းပါးသောဒေသများရှိ တိုက်နယ်ဆေးရုံများတွင် သွားရောက်တာဝန်ထမ်းဆောင်ရန်အတွက် တပ်မတော်မှပါရဂူများနှင့်ဆေးမှူးများ နေပြည်တော်မှထွက်ခွာ

ဝေးလံခေါင်းပါး၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများ၌ ဒေသခံပြည်သူများ၏ ကျန်းမာရေးမြှင့်တင်ရန် အတွက် ဆရာဝန်လိုအပ်ချက်ရှိသည့်ဆေးရုံများတွင် မိမိတို့၏ သဘောဆန္ဒအလျောက် သွားရောက် တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုထားသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများပါဝင်သည့် တပ်မတော်သားဆရာဝန် ၁၈ ဦးသည် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်လေဆိပ်မှ တပ်မတော်လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပါတယ်။
တပ်မတော်သားဆရာဝန်များအဖွဲ့တွင် မေ့ဆေးပါရဂူတစ်ဦး၊ ရောဂါဗေဒပါရဂူတစ်ဦး၊ ဇီဝဓာတုဗေဒပါရဂူတစ်ဦးနှင့် ဆေးမှူး ၁၅ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ပါဝင်ပြီး ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်/ တိုက်နယ်ဆေးရုံ ၉ ခုတွင် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တာဝန်ထမ်းဆောင်သွားမည်ဖြစ် ကြောင်းသိရပါတယ်။
ဝေးလံခေါင်းပါး၍ သွားလာရန်ခက်ခဲသည့် ဒေသများသို့သွားရောက် တာဝန်ထမ်းဆောင်မည့် တပ်မတော်သားဆရာဝန်များသည် နေ့လယ်ပိုင်းတွင် မုံရွာလေဆိပ်သို့ ရောက်ရှိကြရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး လေဆိပ် ခန်းမ၌တွေ့ဆုံ၍ နယ်မြေဒေသအခြေအနေ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ် များနှင့် အခြားလိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ညနေပိုင်းတွင် ၎င်းတို့တာဝန်ထမ်းဆောင်မည့် ဒေသများသို့ ဆက်လက်ထွက် ခွာရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြ သည်။

ဒေသခံ ပြည်သူများ၏ ကျန်းမာရေးမြှင့်တင်နိုင်ရန်အတွက်

-၂၀၁၆ ခုနှစ်တွင် တပ်မတော် သားဆရာဝန် ၄၄ ဦးကိုပထမအကြိမ်အဖြစ်လည်းကောင်း၊

-ဒုတိယအကြိမ် အဖြစ် ၂၀၁၈ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦးဖြင့်လည်းကောင်း၊

-တတိယအကြိမ်အဖြစ် ၂၀၂၀ ခုနှစ်တွင် တပ်မတော်သား ဆရာဝန် ၄၆ ဦးဖြင့် လည်းကောင်း၊

-ယခုစတုတ္ထအကြိမ်အဖြစ် တပ်မတော်သား ဆရာဝန် ၁၈ ဦးအား လည်းကောင်း

၎င်းတို့ဆန္ဒသဘောထားအရ လျောက်ထားလာသူများအား အလှည့်ကျ တာဝန်ထမ်းဆောင်စေခဲ့ရာ

၂၀၁၆ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ တပ်မတော်သားဆရာဝန် ၁၅၂ ဦးဖြင့် အဆိုပါဒေသများရှိ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သတင်းရရှိသည်။