ဝင်းကြီးကျေးရွာအနီး PDF အလောင်းနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဒီဇင်ဘာလ ၂၇ ရက် ညနေ ၅ နာရီခန့်တွင် ဝန်းသိုမြို့နယ်တွင် နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့များသည် ဝင်းကြီးကျေးရွာအနီး အကြမ်းဖက် pdf များနှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ရာ ဖြစ်စဉ်အတွင်း-

-အကြမ်းဖက် pdf အလောင်း-၁၄ လောင်း
-လက်လုပ်စိန်ပြောင်း ၃ လက်
-၄၀ မမ ဗုံးသီး ၆ လုံး
-အမ်-၂၂ ကျည် ၃၅၂ တောင့်
-အမ်-၂၂ ကျည်အိမ် ၁ ခု
-အိုင်ကွန် ၅ လုံး
-pdf တံဆိပ်ပါအစိမ်းရောင်ယူနီဖောင်း ၃ စုံ
-ပြောက်ကျားကျောပိုးအိတ် ၆ လုံး
-ဆိုင်ကယ် ၅ စီး
-ကား ၁ စီး တို့အား သိမ်းဆည်းရမိကြောင်း သိရှိပါတယ်။