ဝက်ငယ်များတွင် ဖြစ်တတ်သော သွေးထဲသကြားဓာတ်နည်းခြင်းရောဂါအကြောင်း

မွေးကင်းစဝက်ငယ်လေးတွေရဲ့ အသည်းထဲမှာ ကစီဓာတ်ကို အလုံအလောက် မသိုလှောင်နိုင်တာကြောင့်
သွေးထဲမှာရှိတဲ့ သကြားဓာတ်တွေလျော့နည်းလာခြင်းကြောင့် ဒီရောဂါဖြစ်ပွားရခြင်းဖြစ်ပါသည်။
ဒါ့အပြင် ရောဂါဖြစ်ပွားရခြင်းမှာ မိခင်ရဲ့ နို့ရည်ထဲမှာပါတဲ့ Lactose အပေါ်မှာလည်း မူတည်ပါ
သေးတယ်။ ဝက်ငယ်ကလေးတွေမှာ ဒီရောဂါဖြစ်ပွားပါက သေနှုန်းမြင့်ပါသည်။
ရောဂါဖြစ်ရသည့်အကြောင်းရင်းများ
၁။ များသောအားဖြင့် ဝက်ငယ်ကလေးများမှာမွေးပြီး (၁၂-၂၄) နာရီအတွင်းမှာ အဖြစ်များတဲ့
ရောဂါတစ်ခုဖြစ်သည်။ ဝက်မကြီးကလည်း နို့အလုံအလောက်မပေးနိုင်တဲ့အခါမျိုးမှာလည်း
ဖြစ်တတ်ပါသေးသည်။
၂။ ဝက်မကြီးမှ နို့အလုံအလောက်ပေးနိုင်သော်ငြား ဝက်ငယ်လေးများမှာ နို့ထစို့ဖို့အတွက်
အင်အားချိနဲ့နေတဲ့အခါမျိုးမှာလည်း ရောဂါဖြစ်တတ်ပါသည်။
၃။ ဝက်မကိုကျွေးတဲ့အစာထဲမှာပါတဲ့ အာဟာရမမျှတတဲ့အခါမှာလည်း ရောဂါဖြစ်ပွားတတ်ပါသည်။
၄။ ဝက်မကြီး နို့မချခြင်း၊ ဝက်ခြံစိုထိုင်းစများခြင်း၊ အလွန်အေးခြင်း စတာတွေကြောင့်လည်း
ရောဂါဖြစ်နိုင်ပါသည်။
၅။ ဒီရောဂါက အူလမ်းကြောင်းဆိုင်ရာရောဂါနှင့် အခြားသောဘက်တီးရီးယားရောဂါများ၊ မွေးရာပါ
ရောဂါနှင့် သွေးယိုစိမ့်မှုရောဂါများနှင့်လည်း တွဲပြီးဖြစ်များတတ်ပါသည်။
ရောဂါဖြစ်နိုင်ချေအများဆုံးမှာ ဝက်ကလေးများမွေးပြီး တစ်ပတ်အတွင်းမှာ အဖြစ်များဆုံးနဲ့
အတွေ့ရအများဆုံး ဖြစ်ပါသည်။
ရောဂါလက္ခဏာများ
၁။ ချမ်းပြီးတုန်နေခြင်း
၂။ ဖြူဖတ်ဖြူရော်ဖြစ်နေခြင်း
၃။ ပါးစပ်မှ အမြှုပ်(သို့) တံတွေးများကျနေခြင်း
၄။ အကြောများတုံ့ဆိုင်းနေခြင်း။
၅။ ဒယီးဒယိုင်ဖြစ်နေခြင်း
၆။ မှိုင်နေခြင်း
၇။ မေးခိုင်နေခြင်းနှင့် တောင့်တင်းခြင်း
၈။ အပူချိန်သာမန်ထက်လျော့နေခြင်း
၉။ မှောက်ထိုင်နေခြင်း
၁၀။ အာဟာရချို့တဲ့နေတဲ့ပုံပေါက်ခြင်း
၁၁။ မေ့မြောခြင်းနှင့် သေဆုံးခြင်းတို့က ရောဂါရဲ့နောက်ဆုံးအဆင့် ဖြစ်ပါသည်။
ဝက်ဦးနှောက် အမှေးပါးရောင်ရောဂါလက္ခဏာနှင့် တချို့ဆင်တူသောကြောင့် သေချာခွဲတတ်ဖို့ လိုပါမည်။
ရောဂါကုသခြင်း
ရောဂါဖြစ်ပြီးဆိုပါက ချက်ချင်းကုသပေးဖို့ လိုအပ်ပါမည်။
၁။ ရောဂါဖြစ်နေသော ဝက်ငယ်လေးကို ခြောက်သွေ့ပြီးနွေးသော (အပူချိန်အနည်းဆုံး ၃၀ ဒီဂရီခန့်ရှိသော)
နေရာသို့ ရွှေ့ပေးရပါမည်။
၂။ ကောက်ရိုးခင်းပေးခြင်း(သို့)မီးလုံးတပ်ထားပေးတာမျိုး လုပ်ပေးရပါမည်။
၃။ ဝက်မကြီးမှ နို့သေချာတိုက်ပေးရပါမည်။
၄။ ၂၀% dextrose အရည်ကို syringe (သို့) stomachtube နဲ့ မိနစ်(၂၀)ခြား
တစ်ခါပုံမှန်အခြေအနေပြန်ဖြစ်သည်အထိ တိုက်ပေးရပါမည်။
(အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်)