**လွမ်ကြေး**

အလှမ်းဝေးရင်
လွမ်းကြေးလားကွယ်။
နှောင်းတွယ်ငင်
မောင်မယ်ကြင်၊ အတူတွဲပါလို့
ချစ်ပွဲပျော်ချင်ငြားသော်လည်း
စစ်သားတာဝန်တွေကြောင့်
တစ်မြေစီခဏလေး၊ ဝေးနေရတယ်။

တွေ့တော့မှ အလွမ်းသယ်
ချစ်မယ်ကွယ့် ဆကဲ
အောင်ပွဲအလီလီယူလို့
ချစ်သူဆီပြန်နိုင်ကြောင်းကို
တောင်းဆုစိတ်ထဲ။။။။။။။
crd//ကိုချိုစံ