လောင်းလုံမြို့နယ်၊ ညောပြင်ကျေးရွာတစ်ဝိုက် တိုက်ပွဲဖြစ်ပွား

နိုဝင်ဘာ ၂၅ ရက်
လောင်းလုံမြို့နယ်၊ ညောပြင်ကျေးရွာတစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ကျောက်နီမော်) ပူးပေါင်းအဖွဲ့တို့
နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ကျေးရွာအရှေ့မြောက်ဘက်သို့အရောက် အကြမ်းဖက်သမားအင်အား ၁၀ ဦးခန့်က
စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ-
တိုက်ပွဲအတွင်း-
-အကြမ်းဖက်သမားအလောင်း ၂ လောင်း
-လက်လုပ်သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်ဘက်မှ ထိခိုက်မှုမရှိခဲ့ဟု သိရှိရပါတယ်…