သခင့်လက်ကို ပြန်ကိုက်နေတဲ့ MNDAA

လောက်ကိုင်မြို့ကို MNDAA အကြမ်းဖက်အဖွဲ့က စီးနင်းထားပြီး လောက်ကိုင်မြို့တွင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများထဲမှ ကိုးကန့်အစစ်မှလွဲ၍ အခြားတိုင်းရင်းသားများကို မောင်းထုတ်နေကြောင်း သိရသည်။
MNDAA အကြမ်းဖက်အဖွဲ့က တိုင်းရင်းသား ပြည်သူများ၏ ပိုင်းဆိုင်မှုများကို သိမ်းယူပြီး လောက်ကိုင်မြို့တွင်း ဆက်လက်နေထိုင်ခြင်းမပြုရန် နှင်ထုတ်နေခြင်းဖြစ်ကြောင်း သိရသည်။
MNDAA အကြမ်းဖက်အဖွဲ့သည် စေတီတော်ကို ဖြိုဖျက်ခြင်း၊ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို ဖျက်ဆီး၍ ဗုဒ္ဓဘာသာဝင် ပြည်သူတစ်ရပ်လုံးကို ရည်ရွယ်ချက်ရှိရှိ စော်ကားခဲ့သော အကြမ်းဖက်အဖွဲ့ ဖြစ်သည်။