လောက်ကိုင်ဒေသမှာ လက်နက်မချခဲ့တဲ့ စကခ (၁) စကခမှူး။

လောက်ကိုင်(ဒကစ) ကြီး လက်နက်ချလိုက်ပေမယ့် လောက်ကိုင်မြို့အပေါ်ဘက်မှာရှိနေတဲ့ စကခ (၁) ကျောက်မဲအခြေစိုက် စကခဟာ လက်နက်မချခဲ့ပါဘူး။

လောက်ကိုင်အထက်က ပွိုင့် ၂၂၀၂ ခံစစ်စခန်းပေါ်မှာ စကခ ၁ မှူး ဗိုလ်မှူးချုပ် မင်းမောင်ရဲ့ အင်အား ၃၅၀ ကျော် အရာရှိ/စစ်သည်များဟာ စစ်သူရဲကောင်းပီသစွာနဲ့ ရန်သူထံ လက်နက်မချဘဲ ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

နောက်ဆုံးညှိနှိုင်းချက်အရ အကိုကြီးတို့သဘော ကျွန်တော်ကတော့လက်နက်မချနိုင်ဘူးဆိုပြီး ငြင်းဆန်ပြီး ပွိုင့် ၂၂၀၂ အပေါ်ပြန်တက်သွားသူတစ်ယောက်ပါ။

မှတ်မှတ်ရရ လောက်ကိုင် ဒကစမှူးနဲ့ ဗိုလ်မှူးချုပ်အဆင့် ၆ ဦးအပါအဝင် အရာရှိ/စစ်သည်အင်အား ၂၁၀၀ ကျော်ဟာ လက်နက် ၄၀၀၀ ကျော်နဲ့ အမြောက် ဒုံးများ တင့်ကား သံချပ်ကားများကို နေ့လည် ၁၁ နာရီလောက်ထဲက အပ်နှံနေခဲ့တာ ညပိုင်း ၁၀ နာရီကျော်အထိပါပဲ။

အခြေအနေကို ရိပ်စားမိတဲ့ တပ်ချုပ်ကြီးနဲ့ ဒုတပ်ချုပ်ကြီးတို့ဟာ ပွိုင့်၂၀၂၂ စခန်းပေါ်က စကခ ၁ မှူး ဗိုလ်မှူးချုပ် မင်းမောင်နဲ့ အရာရှိ/စစ်သည်များကို ထပ်မံ မဆုံးရှုံးစေရေးအတွက် ပြန်ဆုတ်လာခဲ့ဖို့ အမိန့်ပေးခဲ့ပါတော့တယ်။

ကျွန်တော် မဆုတ်ချင်ဘူး အသေခံ ချပါရစေဆိုပြီး ငြင်းဆန်ခဲ့ပါသေးတယ်။

ဒုချုပ်ကိုယ်တိုင်ဖုန်းဆက်ပြီး ဆုတ်လာဖို. အမိန့်ပေးလာချိန်မှာတော့ အမိန့်ကိုနာခံပြီး ငိုက် ၄ ငိုက်ဖြစ်တဲ့

  • ပထဝီအငိုက်
  • အချိန်အငိုက်
  • ရာသီအငိုက်
  • ရန်သူအငိုက်

တို့ကိုယူပြီး ညအမှောင်ကိုအကာအကွယ်ယူရင်း စနစ်တကျ ခွါစစ်ဆင်ခဲ့ပါတယ်။

ညအချိန် အမှောင်ထုကိုကာကွယ်ယူရင်း ဓါတ်မီးမသုံး၊ ဆေးလိပ်မသောက်၊ ချောင်းမဆိုးကြဘဲ ချမ်းအေး လွန်းတဲ့ ရာသီဥတုနဲ့ အ ကာလ ညအမှောင်ထဲမှာ ကြယ်ရောင်ကိုအားပြုပြီး တရွေ့ရွေ့ ချီတက်ခဲ့ပါတယ်။

ထမင်းဆာလာရင် ရေဘူးထဲက ရေတွေကုန်လို့ ဆုတ်ခွါရာလမ်းတစ်လျှောက်က စိမ့်စမ်းရေ တစ်ချို့ကို အာဟာရအဖြစ်မှီဝဲပြီး လိုရာခရီးကို ချီတက်ခဲ့ကြတယ်လို့လည်းသိရပါတယ်။

လောက်ကိုင်မြို့မှာတော့ ရန်သူတွေက အောင်ပွဲခံ ပျော်ပါးနေကြချိန်ဖြစ်သောကြောင့် အလစ်မငိုက် ရယူပြီးဆုတ်ခွာနိူင်ခဲ့ပါတယ်။

လားရှိုး ရမခတွင် လှုပ်ရှား ကစထ ရဲ့ ဆက်သွယ်ရေးစက်ပေါ်ကနေ ၂ နာရီတစ်ကြိမ် ၄ လုံး ၆ လုံး မပညများ၊ အချိန်များပေးပြီး မြေပုံထောက်နေကြတဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူးနဲ့ ဒုတပ်ချုပ်ကြီးတို့ ကလည်း တောက်လျှောက် စောင့်ကြည့်နေကြရပါတယ်။

လောက်ကိုင်ကျပြီးနောက်တစ်ရက် မှာတော့ ရန်သူနဲ့ အတော်ဝေးရာ ကျည်လွတ်မြေရောက်တော့ MI17 ရဟတ်ယာဉ်တွေနဲ့ MI35 တိုက်ခိုက်ရေးရဟတ်ယာဉ်စုဟာ ဗိုလ်ချုပ်မင်းမောင် ဉီးစီးတဲ့ စကခ ၁ မှ အရာရှိ စစ်သည်များနဲ့ ပူးပေါင်းနိူင်ခဲ့ပါပြီ။

အဲ့ဒီနောက်မှာတော့ အခေါက်ခေါက်အခါခါဖြင့် နေရာတစ်ခုကို ပို့ဆောင်ပေးခဲ့။

သူတို့အားလုံးမှာ ကိုယ်စီကိုင်ဆောင်ထားကြတဲ့ လက်နက် ခဲယမ်း နဲ့ ဗုံးသီး ဒုံးသီးများ တပါတည်း ပါလာခဲ့ကြပါတယ်။….

စိတ်ဓါတ်ကတော့ စံပြု ထိုက်သူ စစ်သူရဲများပါပဲ။ လေးစားဦးညွတ်ပါသည်ခင်ဗျာ။

ယခု ကျမ္မာရေးချို့တဲ့သူ၊ ဒါဏ်ရာရသူ အရာရှိ စစ်သည်များကို စစ်ဆေးရုံမှာ ဆေးဝါးကုသပေး လျက်ရှိတယ်ဟု သိရပါတယ်။

သူလို စိတ်များထားနိူင်ကြပါစေ။

အောင်မြင်စွာ ဆုတ်ခွာခြင်းနဲ့ လက်နက်ချခြင်းဟာ သဘောသဘာဝမတူပါဘူး။

NMT