အာဆင်နယ်အသင်းအနေနဲ့ ဘန်ဇီမာ ကို ခေါ်ယူသင့်တယ်လို့ ဝင်းဂါးပြော

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နည်းပြဟောင်း အာစင်ဝင်းဂါး က ဆော်ဒီလိဂ်မှထွက်ခွာရန် စီစဉ်နေတဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာ ကို အာဆင်နယ်အသင်းထံ ခေါ်ယူသင့်တယ်လို့ အကြံပြုပြောကြားခဲ့ပါတယ်။

ဘန်ဇီမာ ဟာ အယ်လ်အစ်တီဟတ်အသင်းမှာ ရုန်းကန်နေရတဲ့အတွက် ဥရောပသို ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေခြင်းဖြစ်ပါတယ်။ အာစင်ဝင်းဂါး က ဘန်ဇီမာ ဟာ ဥရောပဘောလုံးလောကမှာ ခြေစွမ်းပြနိုင်မည့်သူ ဖြစ်တယ်လိုလည်း ပြောဆိုခဲ့ပါတယ်။

ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၂၄ ပွဲမှာ ၁၅ ဂိုးသွင်းယူထားပါတယ်။

PAN